လျှပ်စစ်ဗို့အား ၃၀၀ ကနေ ၆၅၀ ထိ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ငါးရှဉ့်များ

//s9.kh1.co/7f/7f54a2f59a5ef8fa269f88e6ede8716567d2e8c5.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လျှပ်စစ်ငါးရှဉ့်တွေဟာ Electrophorus Electricus မျိုးစိတ်ထဲကဖြစ်ပြီး တောင်အမေရိက ရေချိုဒေသတွေမှာ နေထိုင်ကြပြီး ရှည်ရှည်မျောမျောခန္ဓာကိုယ်နဲ့ အကြေးခွံမပါဘဲ အညိုရောင်ဘက်သန်းတဲ့ အရောင်ရှိပါတယ်။ လျှပ်စစ်ငါးရှဉ့်တစ်ကောင်ဟာ အများဆုံး ၂.၇၅ မီတာ (၉ပေ) အထိရှည်လျားနိုင်ပြီး ၂၂ ကီလိုဂရမ်အထိ အလေးချိန်ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/0b/0b90752dc67639a2360a4e031e16bb3e9b8b4bb7.jpg
https://s9.kh1.co/__image/w=600,h=401,q=100/3b/3bae988095178012132b7acad60b8fea20a72fda.jpg

လျှပ်စစ်ငါးရှဉ့်တွေဟာ အမေဇုံတောထဲမှာ နေထိုင်ကျက်စားလေ့ရှိကြပြီး အသက်ရှုဖို့အတွက် ရေမျက်နှာပြင် ပေါ်သို့ မကြာခဏတက်လေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ်အသုံးချတတ်ကြပါတယ်။ သာမန်ငါးရှဉ့်တွေနဲ့တော့ မတူညီကြပါဘူး။

https://s9.kh1.co/__image/w=600,h=450,q=100/c1/c1c61b59cd24dbdb72e8fa8d1aa0d2f650a1b913.jpg
https://s9.kh1.co/__image/w=600,h=600,q=100/ae/aea9971d9f5bee031186c8d33fe5c6745c10d476.jpg

လျှပ်စစ်ငါးရှဉ့်ရဲ့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို ကောင်းကောင်းဓာတ်လိုက်စေနိုင်ပါတယ်။ ဒါ့အပြင့်ဒီလျှပ်စစ်ထုတ်နိုင်တဲ့အမြီးကို အသုံးပြုပြီး သူတို့ဟာ မျိုးနွယ်တူလျှပ်စစ်ငါးရှဉ့်အချင်းချင်း ဆက်သွယ်နိုင်ကြပါသေးတယ်။ လူသားတွေ တယ်လီဖုန်းနဲ့ဆက်သွယ်သလိုပါပဲ။

https://s9.kh1.co/__image/w=600,h=450,q=100/1b/1b2c1ce1b5add0ea046d08a4b56d0496b3eb3097.jpg
https://s9.kh1.co/__image/w=600,h=525,q=100/5d/5dfba8d72d4d41273bcb8c69b76440717eb440ee.jpg

သတင်း အရင်းအမြစ်Wisc

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T