နေပူထဲဈေးရောင်းပြီး ဝမ်းရေးအတွက်ကြိုးစားရုန်းကန်နေပေမယ့် ထမင်းတောင် အာဟာရပြည့်ဝအောင် မစားရရှာတဲ့ အဖွားအို

//s9.kh1.co/c3/c3ab6d1fe7363134a2087f0d5f3a4f25cde1f961.jpeg
နေ့စဉ်သတင်းများ

 ၂၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

..

လက်ရှိကာလတွေမှာ စားဝတ်နေရေးအခက်အခဲတွေကြောင့် အဖိုးအဖွားတွေဟာ ဆင်းရဲဒုက္ခတွေများစွာနဲ့ ဝမ်းရေးအတွက် ကြိုးစားရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုတွေနဲ့ ခိုကိုးရာမဲ့ အခြေအနေတွေမှာ အသက်ရှင်နေထိုင်ရေးအတွက် အသက်အရွယ်အိုမင်းနေပေမယ့်လည်း ဘဝကိုအရှုံးမပေးဘဲ ခက်ခက်ခဲခဲဖြတ်သန်းနေတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ဝမ်းရေးအတွက် နေပူမရှောင်မိုးရွာမရှောင်  ဈေးရောင်းပြီး ရုန်းကန်နေကြတဲ့ အဖိုးအဖွားတွေထဲမှာ အသက်(၇၀)ကျော်အရွယ် အဖွားအိုတစ်ဦးကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက်(၇၇)နှစ်အရွယ် အဆိုပါအဖွားဟာ နွမ်းနွမ်းပါးပါးလေးနဲ့ ဟင်းသီးဟင်းရွက်တွေရောင်းပြီး ရောင်းမကုန်တဲ့အခါတွေမှာတော့ ထမင်းစားဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ဝမ်းရေးအတွက် ကိုယ့်အားကိုယ်ကိုး ရုန်းကန်စားသောက်နေပေမယ့် ဈေးရောင်းမကောင်းတဲ့အချိန်တွေမှာ ထမင်းစားတာတောင် ဟင်းမပါဘဲ ထမင်းအဖြူထည်နဲ့ပဲ စားနေရရှာတာ ဖြစ်ပါတယ်။ အဖွားကတော့ ပုသိမ်မြို့ SUN mobile နားက ကားရပ်တဲ့နေရာမှာ (၁၁)နာရီ (၁၁:၃၀) အချိန်လောက်ဆို ဈေးလာရောင်း တတ်တာမို့ တတ်နိုင်သလောက် ဖေးမကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T