အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ အမြင့်ဆုံးဖြစ်လာနေတယ်လို့သိရပါတယ် ။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒဿမ ၂ ရာခိုင်နှုန်းဖြစ်ပါတယ် ။ အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ထိုင်းနိုင်ငံအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဘရူနိုင်း ၁ ဒဿမ ၃ ရာခိုင်နှုန်း၊ စင်ကာပူ ၁ ဒဿမ ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၁ ဒဿမ ၇ ရာခိုင်နှုန်း၊ အရှေ့တီမော ၂ ဒဿမ ၃ ရာခိုင်နှုန်း၊ မလေးရှား ၂ ဒဿမ ၅ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂ ဒဿမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီယား ၂ ဒသမ ၉ ရာခိုင်နှုန်း၊ လာအို ၃ ဒဿမ ၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၄ ဒဿမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံ၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပငွေကြေးလဲလှယ်သည့် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော်အထိ မြင့်တက်နေပြီး ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၁သိန်းကျော်အထိ စံချိန်ချိုး မြင့်တက်လာနေပြီး စက်သုံးဆီစျေးနှုန်းမှာလည်း ယခင်ကစျေးထက် ၉၀ ရာခိုင်နှုန်းမြင့်တက်နေခြင်းဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားတာကိုတွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာတာနဲ့အမျှ ပြည်သူတွေရဲ့ စား၀တ်နေရေးကလည်း တစ်ဆထက်တစ်ဆကြပ်တည်းလာမှာဖြစ်ပြီး အလုပ်လက်မဲ့နှုန်းတွေလည်းတိုးပွားလာမှာဖြစ်ကာ အငတ်ဘေးဆိုက်နိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Myanmarload