ဖေဖော်ဝါရီလတစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် တောင်ပေါ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့ပြဒေသတွေမှာလည်း သောင်းကျန်းရမ်းကားမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေအသက်ဆုံးရှုံးနေကြရသလို ဥပဒေမဲ့လုပ်ရပ်တွေဟာလည်း ပေါ်ပေါ်ထင်ထင်ကို ပြုမူလာကြတာ တွေ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ပြည်သူတွေမှာ အသက်ဆုံးရှုံးမှုတွေနဲ့ စိုးရိမ်ထိတ်လန့်နေကြရပြီး လုယက်သတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်ရမ်းကားမှုတွေကြောင့်လည်း စိတ်မလုံခြုံဘဲ အကြောက်တရားတွေနဲ့ ပူပင်သောကရောက်နေကြရတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း လူအများသွားလာစည်ကားနေတဲ့အချိန် ရန်ကုန်မြို့လယ်ခေါင်မှာ လူတစ်စုဟာ လက်နက်ကိုင် ရမ်းကားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


သေနတ်ကိုင်ထားတဲ့ အကြမ်းဖက်လူတစ်စုဟာ ရန်ကုန်၊ ဆူးလေဘုရားရှေ့မှာ လာသမျှကားတွေကို ပြဿာနာရှာ သောင်းကျန်းရမ်းကားနေတာဖြစ်ပြီး ကားတွေကို သွားလာခွင့်မပြုခဲ့တာပါ။ အဆိုပါဖြစ်စဉ်ကြောင့် ပြည်သူတွေမှာ ထိတ်လန့်ကာ သွားလာရတာ အခက်အခဲဖြစ်ခဲ့ကြရတာကြောင့် ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)
https://www.facebook.com/100010942608249/videos/355126883012303/