မိမိရဲ့ယောနီက အသားစနှစ်ခုကို ဖြတ်ပြီး အလှဆင်ခဲ့တဲ့ Model တစ်ဦး

//s9.kh1.co/c4/c4842e78e1a632c0c59aea28f71cbc8ff34d46b7.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူတိုင်းမှာ ကိုယ်ပိုင်ရူးသွပ်တဲ့ စုဆောင်းမှုလေးတွေရှိပါတယ်။ တချို့ကျတော့လည်း မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အလွန်တန်ဖိုးထားကြပါတယ်။ အဲ့နှစ်ခုကို ပေါင်းစပ်လိုကိတဲ့အခါမှာတော့ အံ့အားသင့်စေခဲ့ရပါတယ်။ အဲ့လိုလူတွေထဲမှာ ဗြိတိန်က အမျိုးသမီးတစ်ယောက်လည်း ပါဝင်ပါတယ်။ သူမကတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှမလုပ်သေးတဲ့ ထူးထူးဆန်းဆန်း အလှဆင် ပစ္စည်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/bf/bf3fe6015343ddeb8f12e0a7ba948dd7d5333f0d.jpg
https://s9.kh1.co/__image/w=615,h=380,q=100/47/47a2698886a62012901906f27bd7ea284a4bd6ed.jpg

သူမနာမည်ကတော့ Tracy Kiss ပဲဖြစ်ကာ Model ဟောင်း တစ်ယောက်ဆိုလည်း မမှားသလို ကလေးနှစ်ယောက်ရှိတဲ့ Single Mom လည်းဖြစ်ပါတယ်။ သူမရဲ့ယောနီဟာ တခြားသူများထက် ထူထဲလွန်းနေပြီး နာကျင်နေရတာကြောင့် ပါးလွှာသွားအောင် ခွဲစိတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြတ်တောက်ပြီးလို့ ရရှိလာတဲ့ အစိတ်အပိုင်းနှစ်ခုကို လှပတဲ့လော့ကတ်သီးလေး တစ်ခုအဖြစ်ပြောင်းလဲကာ အလှဆင်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=825,q=100/31/312310562523d40208df16080337a7e2e50c273f.jpg
https://s9.kh1.co/__image/w=615,h=565,q=100/b0/b033982a81bc5f8cd15e64eb73574137669eeb73.jpg

ဒီအစိတ်အပိုင်းနှစ်ခုကိုတော့ ခရစ်စတယ်အဖြစ် ပုံစံသွင်းခဲ့ပါတယ်။ အဲ့နောက် တောက်ပပြီးလှပတဲ့ ခရစ်စတယ်အမှုန်ကလေးများနဲ့ ထပ်မံရောစပ်ကာ အလှဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုထူးထူးဆန်းဆန်းလုပ်ခဲ့တဲ့ သူမရဲ့အပြုအမှုအပေါ် သူမကတော့ “ ကျွန်မကိုယ်တိုင် မနှစ်မြို့ခဲ့တဲ့ အစိတ်အပိုင်းတွေက အခုဆိုရင်တော့ တလတ်လတ်တောက်ပကာ လှပလွန်းတဲ့ ရတနာလေးတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဒီအတွက်ကြောင့် အရမ်းကိုဂုဏ်ယူမိတယ်လို့” ဆိုပါတယ်။

https://s9.kh1.co/__image/w=615,h=457,q=100/6e/6e12146a78b5736f6114629226e2688b6137a7c4.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T