ကယားပြည်နယ်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ လူတစ်စုတပ်တွေအကြား တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ပြင်ထန်လျက်ရှိလာတာ တွေ့ရပါတယ်။ လူတစ်စုရဲ့ တပ်တွေကလည်း အင်အားအလုံးအရင်းနဲ့ ဒီးမော့ဆို ၊ မိုးဗြဲ စတဲ့ မြို့နယ်တွေကို ပိုမိုထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ယင်းတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF / KNDF တို့က လက်နက်အင်အားမမျှပေမယ့် စိတ်ဓာတ်ပြင်းပြစွာ အကောင်းဆုံး ခုခံတိုက်ခိုက်နေကြတာ တွေ့ရပါတယ်။
စက်တင်ဘာ (၂၇) ရက် ညနေ ပိုင်းလောက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးမှာ ဖယ်ခုံ PDF တွေနဲ့ အတူ KNDF က သွားရောက် ပူးပေါင်းကာ ဒီးမော့ဆိုမြို့ဘက်သို့ စစ်ကြောင်းချီလာတဲ့ လူတစ်စုရဲ့ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။ ယင်းတိုက်ပွဲမှာ KNDF / ဖယ်ခုံ PDF တို့ဘက်က အကျအဆုံး မရှိခဲ့ပေမယ့် ပြည်သူ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။
KNDF တပ်ဖွဲ့ကတော့ ဖယ်ခုံ PDF တွေနဲ့ တိုက်ပွဲဝင်ပြီး အောင်ပွဲခံလာတဲ့ ရဲဘော်တွေရဲ့ မြင်ကွင်းတချို့ကို ဖော်ပြလာခဲ့ပါတယ်။ KNDF တပ်သားများဟာ ရှေ့တန်းမှာ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်ခဲ့ပြီးနောက် အထိခိုက်မရှိ ဘေးအန္တရယ်ကင်းရှင်းစွာ နောက်တန်းကို ပြန်လာကြတာ ဖြစ်ပါတယ်။တိုက်ပွဲကနေ အောင်ပွဲခံပြီး ပြန်လာခဲ့ကြတဲ့ KNDF ရဲဘော်တွေရဲ့ ရုပ်သံဖိုင်ကို ပြန်လည်ကြည့်ရှုလို့ရအောင် တင်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - KNDF