မက်ဆီခေတ်အလွန် ဘောလုံးကမ္ဘာကို ပြန်လည်စိုးမိုးဖို့အတွက် လာမာစီယာထွက်တွေနဲ့ အသင်းကို အချိန်ပေးတည်ဆောက်နေတဲ့ ဘာစီလိုနာအသင်း

//s9.kh1.co/b1/b1ee72c9a5574439efcd0a1018bfa271ce70bb03.jpg
အားကစားသတင်းများ

 ၂၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မက်ဆီခေတ်အလွန် ဘောလုံးကမ္ဘာကို ပြန်လည်စိုးမိုးဖို့အတွက် လာမာစီယာထွက်တွေနဲ့ အသင်းကို အချိန်ပေးတည်ဆောက်နေတဲ့ ဘာစီလိုနာအသင်း

တစ်ချိန်တုန်းက နာမည်ကျော်ကစားသမားတွေကို မွေးထုတ်ပေးတဲ့ အကောင်းဆုံးနေရာကတော့ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမာစီယာအကယ်ဒမီထွက်တွေဖြစ်ကြတဲ့ မက်ဆီ၊ ပီကေး၊ ဇာဗီ၊ အင်နီယေစတာ၊ ပူးယို့စ်တို့နဲ့အတူ ဘောလုံးကမ္ဘာကို အချိန်အတော်ကြာ စိုးမိုးထားခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ပြဿနာတွေများစွာကို ရင်ဆိုင်နေရပြီး ငွေကြေးအခက်အခဲတွေကြောင့် နောက်ဆုံး ဂန္တဝင်ကစားသမား မက်ဆီထွက်ခွာတဲ့အထိ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ချန်ပီယံလိဒ်မှာ အကြိမ်ကြိမ်ကျဆုံးခဲ့ပြီး ပျက်စီးယိုယွင်းနေတဲ့ အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဘာစီလိုနာအသင်းဟာ နည်းလမ်းဟောင်းကို အသုံးပြုလာခဲ့ပါတယ်။ အကြောင်းကတော့ တစ်ချိန်တုန်းက လာမာစီယာထုတ်ကုန်တွေကို ပွဲထွက်ကစားစေခဲ့သလို တစ်ခုတစ်ကြိမ်မှာလည်း လာမာစီယာထွက်လူငယ်တွေကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။ မနေ့ညက လီဗန်တေးနဲ့ ပွဲစဥ်မှာ ဘာစီလိုနာအသင်းဟာ လာမာစီယာထွက် လူငယ်ကစားသမားတွေအများအပြားကို ပွဲထွက်ကစားစေခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဥ်မှာ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါပွဲစဥ်မှာ ဘာစီလိုနာအသင်းဟာ လာမာစီယာထွက်တွေဖြစ်ကြတဲ့ Minguesa၊ Garcia ၊ Gavria ၊ Puig၊ Fati၊ Gonzalez၊ araujo တို့ကို သက်ကြီးကစားသမားတွေနဲ့တွဲပြီး ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါလူငယ်တွေကို ပွဲထွက်ကစားခိုင်းဖို့ရှိနေပြီး ဘာစီလိုနာအသင်းကတော့ လာမာစီယာထုတ်ကုန်တွေနဲ့ အသင်းကို အချိန်ပေးတည်ဆောက်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လာမာစီယာထွက် လူငယ်ကစားသမားတွေနဲ့ ဘောလုံးလောကကို ပြန်လည်စိုးမိုးနိုင်မလားဆိုတာ ပရိသတ်တွေအနေနဲ့ အချိန်ပေးပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T