ပြင်းထန်နေတဲ့ တိုက်ပွဲကြားကိုဖြတ်သွားမိခဲ့လို့ ရစရာမရှိအောင် ပစ်ခတ်ခံထားရတဲ့ ကားတစ်စီးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/b0/b0e2b56162dcc53625a809832c868f71e8b1c920.jpg
နေ့စဉ်သတင်းများ

 ၂၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုရက်ပိုင်း ကယားပြည်နယ်အတွင်းမှာ လက်နက်ကိုင် လူတစ်စုတပ်တွေနဲ့ ဒေသခံတပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ် PDF/ KNDF /KA တွေအကြား တစ်ကျော့ပြန် စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်လာခဲ့ပါတယ်။ ယင်းတိုက်ပွဲတွေမှာ နှစ်ဖက်အကျအဆုံးတွေရှိခဲ့တဲ့အပြင် လူနေအိမ်တချို့ မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ ကျေးရွာတွေမှာတော့ ဒေသခံပြည်သူများဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လူမှုကွန်ယက်မှာ စိတ်မကောင်းစရာ ရုပ်သံဖိုင်တစ်ခုကို ဖော်ပြလာတာတွေ့ရပါတယ်။ ဒါကတော့ ခရီးသွားကားတစ်စီး လမ်းမပေါ်မှာပဲ ပစ်ခတ်ခံရပြီး မီးရှို့ဖျက်စီးခံထားရတာ ဖြစ်ပါတယ်။ အဆိုပါ ကားအတွင်းမှာတော့ မီးလောင်ပျက်စီးနေတဲ့ ရုပ်အလောင်းတစ်လောင်းလည်း တွေ့ရှိခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

PDF တွေရဲ့ ဖော်ပြချက်အရ ဒီကားဟာ စတင်ဘာ (၂၅) ရက်နေ့ ဒီမော့ဆိုမြို့နယ်အတွင်း နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေချိန် တိုက်ပွဲကြားရောက်ခဲ့ပြီး တစ်ဖက်အဖွဲ့က ပစ်ခတ်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဒီးမော့ဆိုဘက်ကို စထွက်တဲ့ချိန် PDF/ KNDF /KA တို့ဘက်မှ တားခဲ့သော်လည်း မရပ်ခဲ့ဘဲ တိုက်ပွဲကြားမှာ ရောက်ခဲ့ကာ ကုန်းသာအကျော်မှ ရပ်တန့်ခဲ့တယ်ပြီး ယခုလိုဖြစ်တာလို့ သိရတယ်။ လက်ရှိမှာတော့ ပစ်ခတ်ခံရတဲ့ အဆိုပါ ကားဟာ ဘယ်ကမှန်းမသိ အတည်မပြုနိုင်ဘူးလို့ PKPF က ဖော်ပြထားပါတယ်။ ဒီရုပ်သံဖိုင်ကိုလည်း ပရိသတ်တွေ ပြန်လည်ကြည့်ရအောင် PDF ရဲဘော်တစ်ဦးကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Phoe Thaike

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T