ထောင်ဒဏ်(၁၀)နှစ်လောက် ကျနိုင်လောက်တဲ့အမှုကနေ လွတ်မြောက်ပြီး တရုတ်ပြည်ကို ပြန်ရောက်လာပြီးဖြစ်တဲ့ Huawei သူဌေးသမီး Ren Zhengfei

//s9.kh1.co/81/81d6e9ba1fb74e5c00cde28a69e610daaacadedb.jpg
နေ့စဉ်သတင်းများ

 ၂၆-စက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ကနေဒါနိုင်ငံမှာ double criminality အမှု​နဲ့ တရားစွဲဆိုခံနေရတဲ့ Huawei သူဌေးသမီး Ren Zhengfei ဟာ ကနေဒါကနေ လွတ်မြောက်လာပြီး တရုတ်ပြည်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။ သူ့ရဲ့ အမှုဟာ ထောင်ဒဏ် (၁၀) နှစ်လောက်ကျနိုင်ပြီး double criminality အမှုအပြင် Trade secret theft ကုန်သွယ်မှုလျှို့ဝှက်ချက်များ ခိုးယူမှုလည်းပါတယ်လို့ ဆိုပါထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါ့အပြင် အမေရိကန်က အလိုရှိနေတဲ့အမှုတွေထဲမှာ အမေရိကန်ပိတ်ပင်ထားတဲ့ အီရန်နဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့ HSBC ဘဏ်မှငွေပေးချေမှုတွေကို အမေရိကန်နဲ့ ကနေဒါမှာပါ စစ်ဆေးနေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ယခုမှာတော့ Huawei သူဌေးသမီး Ren Zhengfei ဟာ ညှိနှိုင်းမှုတွေအပြီးမှာ အမေရိကန်က အထက်ပါစွဲဆိုထားမှုတွေကို ရုပ်သိမ်းပေးဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တရုတ်ပြည်မှာ ရက် (၁၀၀၀) ကြာဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသား Michael Kovrig နဲ့ Michael Spavor တို့ကိုလည်း တရုတ်ပြည်ကနေ ပြန်လည်လွှတ်ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။ Ren Zhengfei ကလည်း အမှုတွေအားလုံးကနေ လွတ်မြောက်လာပြီးနောက် ချက်ချင်း တရုတ်ပြည်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ Ren Zhengfei ပြန်ရောက်စဥ်မှာလည်း တရုတ်ပြည်သူများက ကြိုဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - The New York Times

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T