စက်တင်ဘာလ(၂၅)ရက်နေ့ မနေ့ကတော့ ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းနဲ့ ပရီမီးယားလိဒ်ချန်ပီယံမန်စီးတီးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အသင်းကြီးနှစ်သင်း ကစားတဲ့ ပွဲစဥ်ဖြစ်တာကြောင့် ပရိသတ်တွေအတော်လေး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ကြပြီး နှစ်ဖက်စလုံးကလည်း အကောင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်လာခဲ့ပါတယ်။ ယခုပွဲစဥ်မတိုင်မီ ပြီးခဲ့တဲ့နှစ်တွေ့ဆုံခဲ့တုန်းက မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို နှစ်ပွဲဆက် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန်(၂၉)မိနစ်အရောက်မှာတော့ ချဲလ်ဆီးနောက်ခံလူ James တစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ဘောလုံးကိုင်ကစားနိုင်ခဲ့ပြီး ခြေစွမ်းလည်းပြသနိုင်ခဲ့ကာ ပွဲချိန် (၅၃)မိနစ်အရောက်မှာတော့ မန်စီးတီးတိုက်စစ်မှူး Gabriel Jesus က အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူတွေ လူကပ်ကစားနေတဲ့ ကြားကနေ Gabriel Jesus ကလိမ်ခေါက်ပြီး လှပတဲ့အနိုင်ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကတော့ လက်ရှိဘောလုံးရာသီမှာ (၇)ပွဲဆက် ရှုံးပွဲမရှိ ကစားထားနိုင်ခဲ့တာ ဖြစ်ပြီး (၈)ပွဲမြောက် မန်စီးတီးအသင်းနဲ့ အတွေ့မှာတော့ ရှုံးပွဲ ကြုံတွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး အဆိုပါရှုံးပွဲကြောင့် အဆင့်(၃) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဥရောပချန်ပီယံအသင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကို တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး Gabriel Jesus ရဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder