လက်ထဲသေနတ်ရောက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဖြုတ်နည်းတပ်နည်း အသုံးပြုနည်းကို ပြောပြလာတဲ့ PDF လူငယ်လေးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/09/0929b56ec845a9c53f75dc42cee3f99584b78b5d.jpeg
နေ့စဉ်သတင်းများ

 ၂၅-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တဲ့ အချိန်ကတည်းက ယနေ့အချိန်ထိ လူငယ်တွေဟာ အရေးတော်ပုံကြီးအောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ D Day နေ့ကို ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေ တစ်စတစ်စပြင်းထန်လာပြီး မြို့ပြဒေသတော်တော်များများမှာလည်း ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

Photo Credit - Myo Myint Kyaw's Fb Acc
Photo Credit - Myo Myint Kyaw's Fb Acc

လူငယ်တွေတော်တော်များများ လက်နက်ကိုင်တော်လှန်နေကြပြီဖြစ်တာကြောင့် လက်ထဲသေနတ်ရောက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဖြုတ်နည်းတပ်နည်း အသုံးပြုနည်းကို PDF လူငယ်လေးတစ်ယောက်က ဝေမျှပြောပြလာပါတယ်။ AK / M4 / M16 / 22 /WMR / G3 အဖြုတ်အတပ်နည်းလေးတွေကို ဗီဒီယိုဖိုင်လေးနဲ့အတူ သေသေချာချာလေး ပြောပြထားတာ ဖြစ်ပါတယ်။ 

Photo Credit - Myo Myint Kyaw's Fb Acc
Photo Credit - Myo Myint Kyaw's Fb Acc
Photo Credit - Myo Myint Kyaw's Fb Acc
Photo Credit - Myo Myint Kyaw's Fb Acc

ဆရာကြီးတော့ မဟုတ်ပေမယ့် ညီအစ်ကိုတွေအားလုံးအတွက် လိုအပ်မယ်ထင်ပြီး သိထားသင့်မယ်ထင်တာကြောင့် အဓိကအချက်တွေကို အမြန်ပြောပြပေးထားတာပါ ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်။ သေနတ်အဖြုတ်အတပ် အသုံးပြုနည်းကို ဝေမျှထားတဲ့ အဆိုပါဗီဒီယိုဟာ မည်သည့်အဖွဲ့အစည်းဘတ်တံဆိပ်မှ မပါဘဲ သေနတ်အကြောင်းကို ဗဟုသုတအဖြစ်သာ ဝေမျှထားတာ ဖြစ်တယ်ဆိုပြီးလည်း ပြောထားပါတယ်နော်။ 

Photo Credit - Myo Myint Kyaw's Fb Acc
Photo Credit - Myo Myint Kyaw's Fb Acc

သတင်း အရင်းအမြစ်Myo Myint Kyaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T