လက်ရှိအခြေအနေတွေမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေကြောင့် ပြည်သူတွေမှာ ဆင်းရဲဒုက္ခအပူမီးတွေနဲ့ အိုးအိမ်တွေစွန့်ပစ်ပြီး စစ်ဘေးရှောင်နေကြရတာတွေလည်း ရှိနေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်နိုင်ငံတွေထဲ မှောင်ခိုကူးသန်းပြီး သွားရောက်နေကြသူတွေမှာလည်း ဖမ်းဆီးခံရမှုတွေအပြင် ပွဲစားရဲ့လိမ်လည်မှုတွေကိုပါ ခံနေကြရတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄)ရက်နေ့ကလည်း မနက်ပိုင်းအချိန်က ကန်ချနဘူရီခရိုင်၊ ဘန့်ကောင်ကျေးရွာမှာ ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့ကြတဲ့ ပြည်သူတွေကို ဖမ်းဆီးရမိခဲ့ကြပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ကျား(၃)ဦး မ(၆)ဦး တို့ကို မေးမြန်းကြည့်ရာ ပွဲစားက လာခေါ်မယ်ဆိုပြီး စွန့်ပစ်သွားတာကြောင့် ဘယ်မှမသွားဘဲ စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
တောထဲမှာ အခက်အခဲတွေနဲ့ ကြောက်လန့်နေရပြီး (၄)ရက်တိတိ ဘာမှ မစားခဲ့ရဘဲ ပွဲစားကဘယ်အချိန်လာခေါ်မလဲဆိုပြီး စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဖက်နိုင်ငံကို အလုပ်လုပ်ဖို့အတွက် လမ်းစရိတ်နဲ့ ပွဲစားခပေးကာ အသက်ကိုဖက်နဲ့ထုပ် စွန့်စားရပေမယ့်လည်း ပွဲစားတွေရဲ့ ကောက်ကျစ်ယုတ်မာမှုကြောင့် တောထဲမှာ ဒုက္ခပေါင်းစုံနဲ့ ထမင်းငတ်ခဲ့ကြရတာပါ။
သတင်း အရင်းအမြစ်៖ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ Fb Page