အနုပညာပိုင်းမှာ ပရိသတ်အားပေးချစ်ခင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်နေဆန်းကတော့ လှူဒါန်းမှုတွေ မကြာခဏပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ နေဆန်းကတော့ ချစ်ဇနီးချောလေးနဲ့အတူ အေးအတူပူအမျှဖြတ်သန်းနေကာ စားဝတ်နေရေး ခက်ခဲနေသူတွေအတွက်လည်း လှူဒါန်းခဲ့ပါတယ်။
မိခင်ကြီးကွယ်လွန်ခြင်း (၂)လပြည့်လေးအတွက် ရည်စူးကုသိုလ်အဖြစ် စားဝတ်နေရေးခက်ခဲနေသူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တာပါ။ နေဆန်းတို့ဇနီးမောင်နှံဟာ တောင်ဥက္ကလာ (၁၀)ရပ်ကွက် ဓမ္မာရုံမှာ အိမ်ထောင်စု (၁၁၀)စာ အတွက် ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေ ကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ကြည်နူးပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေကိုလည်း နေဆန်းရဲ့ဇနီးချောက သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပြီး ကွယ်လွန်သူမိခင်ကြီးသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ကိုလည်း မေတ္တာပို့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဝမ်းသာအားရ သာဓုခေါ်ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Chaw Su's Fb Acc