မြန်မာလူမျိုးတွေကတော့ ဘာသာတရားဆိုကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် ရဟန်း၊သံဃာတော်တွေအပေါ်မှာလည်း ကြည်ညိုလေးစားပြီး ကိုးကွယ်ဆည်းကပ်နေကြတာပဲဖြစ်ပါတယ်။၁၀၈တောင် ဂမုန်းပေါင်းဆရာတော် ဉူးညာဏောကိုလည်း ကိုးကွယ်ဆည်းကပ်ကြတဲ့ဒါယကာ၊ဒါယိကာမတွေက ဆရာတော်ဘုရားကြီးရဲ့ သီလ၊သမာဓိကို လေးစားကြည်ညိုကြတာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးကတော့ သက်တော် (၉၅)နှစ်၊ဝါတော် (၇၅)ဝါရှိပြီး ဩဂုတ်လ (၅)ရက်နေ့မနက်ပိုင်းကပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။ဆရာတော်ကြီး သီတင်းသုံးနေထိုင်ရာဒေသကတော့ ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်ပဲဖြစ်ပါတယ်။ဒါယကာ၊ဒါယိကာမတွေကလည်း ဆရာတော်ဘုရားကြီးပျံလွန်တော်မူသွားတဲ့အတွက် ဝမ်းနည်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဆရာတော်ဘုရားကြီးကွယ်လွန်သွားခဲ့တာ (၁)လကျော်သွားပြီဖြစ်ပါတယ်။
ပျံလွန်တော်မူသွားတာ (၁)လကျော်ကြာမှ ဆရာတော်ဘုရားကြီးရဲ့ ဦးခေါင်းတော်မှာ ဆံတော်များထပ်မံရှည်ပြီးလက်သည်း၊ခြေသည်းတွေလည်း ရှည်ထွက်လာခဲ့တယ်လို့သိရပါတယ်။ဒီလိုမျိုးဖြစ်ရပ်က ရှားပါးပြီး ဆရာတော်ဘုရားဆီမှာ ထူးခြားစွာဖူးမြင်ရလို့ ပြည်သူတချို့က ကြည်ညိုနေကြတာပဲဖြစ်ပါတယ်။ရဟန်းရှင်လူအများအပြားက ကြည်ညိုရတဲ့ ဂမုန်းပေါင်းဆရာတော်ရဲ့ ထူးခြားဖြစ်ရပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder