ရှော့တိုက်ဒုံးတွေကိုတောင် စတင်အသုံးပြုပြီး မြို့အတွင်းက တပ်ရင်းတွေကို တိုက်ခိုက်လာပြီဖြစ်တဲ့ ဖယ်ခုံ PDF

//s9.kh1.co/05/05597aca475cd7945485e8faa95321cd8dd548a0.jpg
နေ့စဉ်သတင်းများ

 ၂၄-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော နေရာဒေသတချို့တွေမှာ အာဏာရှင်လူတစ်စုဘက်က အင်အားသုံးကာ ထိုးစစ်ဆင်လာတာကြောင့် မြို့ခံ PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာခဲ့ပါတယ်။ ယမန်နေ့ညကလည်း ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့မှာ အာဏာရှင်လူတစ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon

စတင်ဘာ (၂၃) ရက် ညနေပိုင်းလောက်မှာ ဖယ်ခုံ PDF တပ်ဖွဲ့ ကယား KNDF တွေနဲ့ ပူးပေါင်းပြီး ခမရ(၃၃၆)တပ်ရင်းအနီး စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့​တာကြောင့် အာဏာရှင်တပ်ဘက်က လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ည (၉)နာရီလောက်မှာလည်း ဖယ်ခုံမြို့အတွင်းက PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ကျဆုံးသူမရှိဘူးလို့ ဆိုပါတယ်။

Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon

ပြီးခဲ့တဲ့ လပိုင်းတုန်းက ဖယ်ခုံ PDF နဲ့ KNDF ပေါင်းပြီး ဖယ်ခုံမြို့က တပ်မ(၇)တပ်နယ်အတွင်းကို (၁၀၇ မမ) ရှော့ဒုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ယင်းနောက် ဖယ်ခုံတပ်နယ်ကို ထပ်ပြီးတိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် (၁၀၇ မမ)ရှော့ဒုံးပစ်ခတ်ခဲ့တဲ့ တောင်ကြောဝန်းကျင်ကို အာဏာရှင်တပ်ဘက်က ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး PDF များဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဖယ်ခုံ PDF ကဆိုပါတယ်။

သတင်း အရင်းအမြစ်Source - PDF Pekhon

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T