လတ်တလောမှာ အာဏာရှင်လူတစ်စုဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာကြောင့် ချင်းပြည်နယ် မင်းတပ်မြို့မှာ တစ်ကျော့ပြန် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေကြောင့် တချို့နေအိမ်များ လက်နက်ကြီးထိမှန်ပြီး ပျက်စီးဆုံးရှုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
မင်းတပ်မြို့ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က စစ်အုပ်ချုပ်ရေး မာရှာလ်လောထုတ်ခံထားရတဲ့ မြို့လေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အာဏာရှင်လူတစ်စုဘက်က မြို့အတွင်းမှာ လုံခြုံရေးတင်ကျပ်စွာချပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်တာကို တွေ့ရပါတယ်။ ယမန်နေ့ ညပိုင်းကလည်း မင်းတပ်မြို့ပေါ်ကို လူတစ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရမ်းသန်းပစ်ခတ်မှုကြောင့် မြို့ပေါ်က နေအိမ်တချို့ ထိမှန်ခဲ့ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။ လူထိခိုက်မှုမရှိခဲ့ပေမယ့် ထိမှန်ခဲ့တဲ့ နေအိမ်တွေကတော့ ရစရာမရှိအောင်ပျက်စီးသွားခဲ့တာကို မြင်တွေ့ရပါတယ်။ ပျက်စီးသွားခဲ့တဲ့ နေအိမ်များကို ပြန်လည်ဖော်ပြပေးရင်း မင်းတပ်မြို့က ပြည်သူတွေအတွက် ဘေးအန္တရယ် ကင်းရှင်းအောင် ပရိသတ်တွေက ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်..။
သတင်း အရင်းအမြစ်៖ Source - HKL Mindat