စီရိုနယ်ဒိုကစားတာကို မြင်ချင်လို့ကျောင်းပြေးပြီး ကွင်းထဲထိ လာကြည့်ခဲ့ပေမယ့် ကံဆိုးခြင်းတွေနဲ့သာ ကြုံခဲ့ရတဲ့ ကလေးငယ်လေးတစ်ဦး

//s9.kh1.co/33/33d683c60864ba740ca89e26ebbfbea17d59bbf8.jpg
အားကစားသတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စီရိုနယ်ဒိုကစားတာကို မြင်ချင်လို့ကျောင်းပြေးပြီး ကွင်းထဲထိ လာကြည့်ခဲ့ပေမယ့် ကံဆိုးခြင်းတွေနဲ့သာ ကြုံခဲ့ရတဲ့ ကလေးငယ်လေးတစ်ဦး

ဘောလုံးအားကစားနည်းဟာ ဆယ်ကျော်သက်လူငယ်တွေကို အတော်လေးလွှမ်းမိုးထားနိုင်တဲ့ အားကစားနည်းလို့ ဆိုရမှာဖြစ်ပြီး အချို့လူငယ်တွေဆိုရင်လည်း နာမည်ကျော်ဘောလုံးသမားဖြစ်ဖို့ အိမ်မက်တွေ ရှိကြပါတယ်။ ဘောလုံးအားကစားနည်းကို ကြိုက်နှစ်သက်ကြတဲ့ လူငယ်တွေမှာလည်း သူတို့အားပေးချစ်ခင်ရတဲ့ Idol ကစားသမားတွေ ရှိနေကြပါတယ်။ စက်တင်ဘာလ(၂၃)ရက်နေ့ ယနေ့မနက်မှာတော့ မန်ယူအသင်းနဲ့ ဝက်ဟမ်းအသင်းတို့ EFL Cup ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အိုးထရက်ဖို့စ်ကွင်းကြီးမှာ ကစားတဲ့ မန်ယူအသင်းနဲ့ ဝက်ဟမ်းအသင်းတို့ရဲ့ ပွဲစဥ်ကို စီရိုနယ်ဒိုရဲ့ ပရိသတ်ဖြစ်တဲ့ ကလေးငယ်လေးတစ်ဦးက လာရောက်ကြည့်ရူခဲ့ပါတယ်။ စီရိုနယ်ဒိုကစားတာကို ကြည့်ရူချင်လို့ ကျောင်းပြေးပြီး ကွင်းအတွင်းထိ လာကြည့်ခဲ့ပေမယ့် အဆိုပါကလေးငယ်လေးဟာ ကံဆိုးခြင်းနဲ့ ကြုံခဲ့ရပါတယ်။ အကြောင်းကတော့ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးရှားက ပွဲပန်းမှာစိုးတာကြောင့် စီရိုနယ်ဒိုကို အနားပေးခဲ့ပြီး ဝက်ဟမ်းနဲ့ပွဲမှာ ထုတ်မသုံးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စီရိုနယ်ဒိုရဲ့ ပရိသတ်ဖြစ်တဲ့ အဆိုပါကလေးငယ်လေးကတော့ စီရိုနယ်ဒိုကစားတာကို မြင်ခွင့်မရဘဲ အိမ်ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။ စီရိုနယ်ဒိုမပါဝင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဝက်ဟမ်းအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပြီး EFL Cup ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာလာခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိဘောလုံးရာသီမှာ ရှုံးပွဲနှစ်ပွဲအထိ ကြုံတွေ့ထားရတာ ဖြစ်ပြီး ဝက်ဟမ်းအသင်းနဲ့ Young Boys အသင်းတို့ကို  ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T