နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် စီးပွားရေးကြပ်တည်းလာမှုတွေကြောင့် ပြည်သူတွေလည်းစား၀တ်နေရေးခက်ခဲလာကြပြီး ခိုးဝှက်မှု၊လုယက်မှုတွေပါ ဖြစ်ပေါ်လာနေတာကိုတွေ့ရပါတယ်။ လုယက်မှုတွေကလည်း တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာနေပြီး အသက်သေဆုံးရတဲ့အထိဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်......။
ဒီကနေ့မှာဆိုရင်လည်း ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်အတွင်းရှိနေအိမ်တစ်ခုဖောက်ထွင်းခံခဲ့ရပြီး သိန်း(၆၀)ခန့်နီးပါး ပါသွားတယ်လို့သိရပါတယ် ။ ဖြစ်စဉ်အရ တစ်အိမ်လုံးကိုမွှေနှောက်သွားတာကြောင့် တစ်ဦးတည်းမဖြစ်နိုင်ဟု ခန့်မှန်းကြတယ်လို့သိရပါတယ် ။ မီးဖိုချောင်ထဲလဲဝင်သွားပြီးရေခဲသေတ္တာ
ပါဖွင့်ပြီးအအေးပါထုပ်သောက်သွားတာလို့ သိရပါတယ် ။ အိမ်ဘေးကနေသံဗန်းတခါးတွေကို ဖြုတ်ပြီးအိမ်ထဲကိုဝင်ကာ ခိုးသွားတာဖြစ်ပါတယ်။
လက်ဝတ်လက်စားတစ်စုံ၊လက်ထပ်လက်စွပ်၊
နားကပ်တစ်ရံ၊Laptop တစ်လုံး၊စုဗူးတစ်လုံးပါသွားပြီး စုစုပေါင် သိန်း (၆၀)ခန့်နီးပါး ပါသွားခဲ့ပါတယ် ။ နေအိမ်ရှိ cctvပျက်နေတာ မပြင်ရသေးဝာာကြောင့်လည်း အခုလိုအလွယ်တကူအခိုးခံလိုက်ရတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Myanmarload