ကြိုးကြာသံ သီချင်းကို ညီညီညာညာနဲ့ အားမာန်အပြည့် သီဆိုနေကြတဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/4d/4d3a0c1696d368f88ef8a38a2abd14efe2cb51a3.jpeg
နေ့စဉ်သတင်းများ

 ၂၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေ ဒီနေ့ အထိ ရှိနေဆဲပါ ။ ဒီထဲမှာ ကလေးငယ်လေးတွေလည်း များစွာ ပါဝင်နေပြီး သူတို့လေးတွေရဲ့ ရှေ့ဆက်မယ့် အနာဂတ်တွေ အတွက် နှမြောတသ ဖြစ်မိတာ အမှန်ပါပဲ ။ ကျောင်းစာသင်ရမယ့် အရွယ်လေးတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတို့ရဲ့  အဖြစ်တွေက ရင်နာစရာပါ ။ 

 Photo Credit : Clean Yangon Facebook Page 
 Photo Credit : Clean Yangon Facebook Page 
 Photo Credit : Clean Yangon Facebook Page 
 Photo Credit : Clean Yangon Facebook Page 

ဒါပေမယ့်လည်း ကလေးငယ်လေးတွေက ခုလို အခြေအနေတွေမှာတောင် စိတ်ဓာတ်မာကျော ကြတာကိုတွေ့မြင်ရတာလည်း တကယ်ကို လေးစားစရာပါပဲ ။ ပြည်မက အလှူရှင်တွေကလည်း ဒီ ကလေးငယ်လေးတွေ အတွက် လိုအပ်တာ အဝဝကို ထောက်ပံ့ လှူဒါန်းပေးလျက်ရှိတာကိုလည်း တွေ့ ရပါတယ် ။

 Photo Credit : Clean Yangon Facebook Page 
 Photo Credit : Clean Yangon Facebook Page 

ဒီလို အလှူပစ္စည်းတွေ မုန့်တွေ ရလို့ ပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေ ရဲ့ ပုံရိပ်တွေကလည်း ထပ်တူ ပီတိဖြစ်စရာကောင်းလောက်ပါတယ် ။ အခုလည်း "ကြိုးကြာသံ " သီချင်းကို ညီညီညာညာနဲ့ ပြိုင်တူသီဆိုနေကြတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုကို တွေ့ရပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး ပြုံးပျော်မိသွားရလောက်အောင် ဖြူစင်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T