ထိုင်းနိုင်ငံမှာ လတ်တလော ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဆိုးဆိုးဝါးဝါး ရုပ်သံဖိုင်တစ်ခုဟာ ထိုင်းပြည်သူတွေကြားမှာ ပျံံ့နှံ့သွားခဲ့ပါတယ်။ ဖြစ်စဥ်ကတော့ စတင်ဘာ(၁၈) ရက်နေ့ ည (၇) နာရီ ခွဲလောက်မှာ ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက ဓာတ်မီးတိုင်ကို ဝင်ရောက်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာက ထိုင်းနိုင်ငံ ဖလန်ဆောင်လမ်းမကြီးအထွက်၊ စမုဆာခွန်ခရိုင် အဝင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခဲ့တာကြောင့် ကားအရှေ့စက်ခန်းထဲကနေ မီးခိုများ ထွက်လာပြီး တဖြည်းဖြည်းနဲ့ ကားတစ်စီးလုံး မီးလောင်ကျွမ်းသွားတာ တွေ့ရပါတယ်။ ယင်းနောက် အရေးပေါ်ကယ်ဆယ်အဖွဲ့များ လာရောက်ပြီး မီးသတ်ဆေးဗူးများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့တာ တွေ့ရပါတယ်။ ကားတစ်စီးလုံး ဆိုးဝါးစွာ မီးလောင်ကျွမ်းမှုကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကားပေါ်လိုက်ပါလာသူ ယာဥ်မောင်ကတော့ အသက်အန္တရယ်မဖြစ်ပေမယ့် အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလော ထိုင်းနိုင်ငံမှာ ယာဥ်မတော်တဆမှုတွေကလည်း ဆက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့တဲ့အထိ ယာဥ်မတော်တဆဖြစ်ခဲ့တဲ့ ဒီရုပ်သံဖိုင်ကို ပြန်လည်ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ สถานีทางหลวงนครปฐม