ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့နံနက်အစောပိုင်းက သြစတြေးလျနိုင်ငံအတွင်းမှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်ဟာနိုင်ငံအရှေ့တောင်ပိုင်းက Melbourne မြို့ရဲ့ အရှေ့ဘက်နားမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာရာနဲ့ချီဝေးတဲ့နေရာတွေထိပါ ငလျင်ဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီငလျင်ဟာမြေအောက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ပျင်းအား ၅.၉ ရစ်ချက်တာစကေး ရှိတယ်လို့သိရပါတယ်။
ဒီငလျင်ဒဏ်ကိုခံခဲ့ရတဲ့ Melbourne မြို့မှာဆိုရင်လည်း အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပေမယ့် ကြီးကြီးမားမားဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။

သို့ပေမယ့်လည်း ငလျင်လှုပ်ခတ်ရာနေရာက ဒေသခံပြည်သူတွေဟာ အရင်က ဒီလိုငလျင်မျိုးမကြုံဖူးခဲ့တာကြောင့် ထိတ်လန့်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ တာဝန်ရှိသူတွေအနေနဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့အဆောက်အအုံတွေကို ရှင်းလင်းမှုတွေပြုလုပ်နေပါတယ်လို့ သိရပါတယ်။


သတင်း အရင်းအမြစ်៖ Reuters