လူငယ်ကစားသမားတွေနဲ့အရံကစားသမားတွေကို ပွဲထုတ်လာခဲ့ပေမယ့် နောဝှစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ကလော့ရဲ့ လီဗာပူးအသင်း

//s9.kh1.co/ed/edff73f49b6c76c67bcb770fdf6692db1cf89899.jpg
အားကစားသတင်းများ

 ၂၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လူငယ်ကစားသမားတွေနဲ့အရံကစားသမားတွေကို ပွဲထုတ်လာခဲ့ပေမယ့် နောဝှစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ကလော့ရဲ့ လီဗာပူးအသင်း

စက်တင်ဘာလ(၂၂)ရက်နေ့ ယနေ့မနက်မှာတော့ လီဗာပူးအသင်းနဲ့ နောဝှစ်အသင်းတို့ EPL Cup ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဥ်မှာ လီဗာပူးအသင်းက အဓိကကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး အရံကစားသမားတွေ ၊ လူငယ်ကစားသမားတွေကို ပွဲထုတ်လာခဲ့ပါတယ်။ စတင်ကစားချိန်မှာတော့ ပရိသတ်တွေကို ဖျော်ဖြေမှုတွေပေးစွမ်းနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပွဲစတင်ကစားပြီး ပွဲချိန်(၄)မိနစ်မှာတင် ဂျပန်တိုက်စစ်မှူး မီနာမီနိုက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။ နောဝှစ်အသင်းကတော့ ပွဲချိန်(၄၂)မိနစ်မှာ ချေပဂိုး ပြန်သွင်းခွင့်ရမယ့် အခွင့်အရေးရခဲ့ပေမယ့် လီဗာပူးဂိုးသမားလေး Kelleher ကလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲပြီးဆုံးချိန်မှာ လီဗာပူးအသင်းက တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမိနစ်(၅၀)မှာလည်း တိုက်စစ်မှူး အိုရီဂီက လီဗာပူးအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လီဗာပူးအသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ မီနာမီနိုကပဲ ပွဲချိန်(၈၀)မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။လီဗာပူးအသင်းနဲ့ နောဝှစ်အသင်းတို့ ပွဲစဥ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ အသက်(၂၆)နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင်တိုက်စစ်မှူး မီနာမီနိုက ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ကလော့ကတော့ အရံအင်အားနည်းပါးမှုတွေကြောင့် လူငယ်ကစားသမားတွေကို ပွဲထုတ်နေခဲ့တာ ဖြစ်ပြီး ယခုမှာတော့ လူငယ်ကစားသမားတွေနဲ့ပဲ နိုင်ပွဲတစ်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Source: Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T