ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အား ကုလသမဂ္ဂအထွေထွေညီလာခံတွင်ထောက်ခံပေးရေးအတွက် GMSR ဂျာမဏီနိုင်ငံ ၊ ဖရန့်ဖုထ်မြို့တွင် ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးသပိတ် ကို စက်တင်ဘာလ (၂၁) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာ(၁၄)ရက်နေ့က ကျင်းပခဲ့တဲ့ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး နဲ့ (၇၆) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးမှာ ဦးကျော်မိုးထွန်းကိုသာ ထောက်ခံကြောင်းကို မြန်မာတင်သာမက ကမ္ဘာကပြည်သူတွေပါ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) နဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ဦးကျော်မိုးထွန်း ကို ထောက်ခံပေးဖို့ GMSR ဂျာမဏီနိုင်ငံ ၊ ဖရန့်ဖုထ်မြို့တွင် ပြုလုပ်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးသပိတ် ဓာတ်ပုံမှတ်တမ်းများကို မျှဝေပေးလိုက်ပါတယ်။
Source : Original Uploader