​လိုင်ယွန်အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် လူစားလဲတာ ခံလိုက်ရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/81/81f860812421e07f36763fd7d8f444dddeae00d1.jpg
အားကစားသတင်းများ

 ၂၁-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

​လိုင်ယွန်အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် လူစားလဲတာ ခံလိုက်ရလို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်

စက်တင်ဘာလ(၂၀)ရက်နေ့ကတော့ PSG အသင်းနဲ့ လိုင်ယွန်အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး နာကျင်အချိန်မှာ သွင်းယူတဲ့ Icardi ရဲ့ သွင်းဂိုးနဲ့ PSG အသင်းတို့ အနိုင်ရရှိခဲ့ပါတယ်။ PSG အသင်းဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပေမယ့် ကစားချိန်မှာတော့ ပရိသတ်စိတ်ကြိုက်ဖြစ်ခဲ့တဲ့ ကစားပုံမျိုးမရှိသလို အသင်းကြီးပုံစံမျိုး မရှိနေတာကိုလည်း မြင်တွေ့ရပါတယ်။ PSG အသင်းဟာ လိုင်ယွန်အသင်းကို နောက်က လိုက်ကစားခဲ့ရတာ ဖြစ်ပြီး ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

လိုင်ယွန်အသင်းနဲ့ ပွဲစဥ်ဟာ မက်ဆီနဲ့ PSG ပရိသတ်တွေအတွက် အလွန်စိတ်ပျက်ရတဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ မက်ဆီတစ်ယောက် လိုင်ယွန်အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်(၇၆)မိနစ်မှာ နောက်ခံလူ ဟာကီမီနဲ့ လူစားလဲ ခံခဲ့ရပါတယ်။ လူစားလဲခံခဲ့ရတာကြောင့် မက်ဆီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပုံစံနဲ့ ကွင်းအတွင်းက ထွက်ခွာလာခဲ့သလို နည်းပြပိုချက်တီနိုကိုလည်း လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အားရစရာကစားကွက် မတည်ဆောက်နိုင်တဲ့အပြင် မက်ဆီကိုပါ လူစားလဲခဲ့တဲ့ နည်းပြပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်ကိုလည်း ပရိသတ်တွေအများအပြားက ဝေဖန်နေကြပါတယ်။ သုံးပွဲပါဝင်ကစားပေမယ့် သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်သေးတဲ့ မက်ဆီဟာလည်း မီဒီယာတွေ၊ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ လူစားလဲခံရလို့ စိတ်ပျက်နေတဲ့ ပုံစံနဲ့ ကွင်းအတွင်းက ထွက်ခွာလာတဲ့ လီယိုနယ်မက်ဆီရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T