သိပ်မကြာသေးခင်က မိုးလေဝသနှင့်သတင်းဌာနမှ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့မိုးကြီးမည်ဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။နယ်မြို့များအနေဖြင့် အထူးသတိထားနိုင်ရန်လည်းကြေညာချက်များထုတ်ပြန်ခဲ့ပါတယ်။
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ယမန်နေ့များမှာလည်း ကျောက်မဲ၊မတ္တရာ၊အောင်ပန်း အစရှိတဲ့နေရာတွေမှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါတယ်။ပြည်သူအချို့အနေနဲ့ ရေကြီးရေလျှံမှုများကြောင့် အခက်တွေ့နေကြရပါတယ်။
ဒါ့အပြင် ရေကြီးနိုင်ချေရှိတဲ့ မော်လိုက်၊ ကလေး ၊ ကလေးဝ ၊ မင်းကင်း ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ ရေဦး ၊ အရာတော် ၊ ဇီးကုန်း ၊ ထန်းတစ်ပင် ၊ ထန်းကုန်း ၊ ကန့်ဘလူ ၊ သစ်ရာပင် ၊ တကောင်း ၊ ထီးချိုင့် ၊ အင်းရွာ ၊ မဲဇာ ၊ ကောလင်း နဲ့ မိုးကြီး တို့မှာလည်း ထပ်မံရေလျှံနိုင်ကြောင်း ဖော်ပြထားပါသေးတယ်။ရွှေဘိုမြို့မှာတော့ယနေ့မနက်ခင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းမတွေပေါ်မှာ ရေလျှံနေပါတယ်။ရွှေဘိုမြို့မှာ ယမန်နှစ်များထက် ယခုနှစ်မှာ ပိုမို ရေလျှံတက်လာကြောင်းကိုလည်း ပြည်သူအချို့ကဖော်ပြထားကြပါတယ်။