ပစ်ခတ်မှုတွေကြားက ရဲရဲတောက်သတ္တိတွေနဲ့ အာဏာရှင်ကိုချေမှုန်းရေးအတွက် ဓားမနဲ့ပလိုင်းကိုင်စွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတဲ့ အမျိုးသမီးများ - Myanmarload

ပစ်ခတ်မှုတွေကြားက ရဲရဲတောက်သတ္တိတွေနဲ့ အာဏာရှင်ကိုချေမှုန်းရေးအတွက် ဓားမနဲ့ပလိုင်းကိုင်စွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတဲ့ အမျိုးသမီးများ

https://s9.kh1.co/1e/1e285ec93b260f5a75ec12ada7974bd6213c3d0c.jpeg
နေ့စဉ်သတင်းများ
 20-Sep-2021 4pm · a month ago

..

ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကတော့ ယနေ့အချိန်ထိ သွေးမအေးသွားဘဲ ပြည်သူတွေမှာ ရရာလက်နက်ဆွဲကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။ အမျိုးသားတွေအပြင် အမျိုးသမီးတွေမှာလည်း ကျားမ မရွေး ကျရာတာဝန်ထမ်းဆောင်ရင်း အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/9d/9d1f2fde83eea464c5f4c8902c5a0c85d71920f6.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/23/235ce3284a1adb1b65c6b929ba1c5cb99faf153d.jpeg
Photo Credit - Original Uploader

မြန်မာပြည်အနှံ့နေ့တိုင်းလိုလို လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး ဒီကနေ့စက်တင်ဘာလ (၂၀)ရက်နေ့မှာလည်း အမျိုးသမီးတွေဟာ ဓားမနဲ့ပလိုင်းဆွဲကိုင်ကာ လူထုလှုပ်ရှားမှုတွေ ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းဒေသမှ အမျိုးသမီး ပင်မသပိတ်စစ်ကြောင်းဟာ အာဏာရှင် စနစ်ချေမှုန်းရေးအတွက် ဓားမနဲ့ပလိုင်းကိုင်စွဲပြီး ချီတက် သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/00/0030d4a9b3f991b8c9f00494574d7000d86451e3.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/7d/7d2a491fbdeaa1150b805e27e91a6cdd09e03405.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/8b/8bf34d53a4af0f41a140abbbc0f7158e94ff3c70.jpeg
Photo Credit - Original Uploader

"ပလိုင်းဟာ တောင်တန်းပြည်မညီညွတ်ကြသည်ဆိုသော အဓိပ္ပာယ်ဖြစ်ပြီး ဓားကတော့ တောင်ယာခုတ်ဓား ညီစေသား " ဆိုတဲ့ အဓိပ္ပါယ်နဲ့ အမျိုးသမီးများက ဓားနဲ့ ပလိုင်းကိုင်ဆောင်ချီတက် သပိတ်မှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေကြားက ရဲရဲတောက်ခွန်အားသတ္တိတွေနဲ့ အာဏာရှင်ကိုချေမှုန်းရေးအတွက် ရှေ့ထွက်ရဲတဲ့ အမျိုးသမီးများရဲ့ စိတ်ဓာတ်မြင့်မားမှုတွေကတော့ ပြည်သူတွေကို ချီးကျူးလေးစားစေပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d8/d84ca083e4ca170323f060bada1dcefc2cbf93df.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/c2/c26f4050916bb4776caa02ac0f0dd458b8108d57.jpeg
Photo Credit - Original Uploader
https://s9.kh1.co/__image/w=650,h=488,q=100/7c/7c437248600b7e41d3dcc444379800de685a1b78.jpeg
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်ဆောင်းပါး