ကျေးရွာ(၄)ရွာက ဒေသခံပြည်သူ (၅၀၀၀)လောက် အရေးပေါ်ပြောင်းရွှေ့နေရတဲ့ စပိန်နိုင်ငံက ဆိုးဆိုးဝါးဝါး မီးတောင်ပေါက်ကွဲမှု

//s9.kh1.co/e7/e74bf68b735ac7fd66a4aa1062e8138b65bc619e.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

စပိန်နိုင်ငံ LA PALMA ပြည်နယ်က Canary Island of La Palma တွင် ဆိုးဆိုးဝါးဝါး မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့ စတင်ဘာ (၁၉) ရက် ညနေ (၃) နာရီ (၁၅) မိနစ်မှာ မီးတောင်မပေါက်ကွဲခဲ့ပြီး (၂)နာရီအကြာမှာပဲ တောင်စောင်းကနေ ချော်ရည်များဟာ မြစ်ချောင်းပမာ စီးဆင်းလာခဲ့တာကြောင့် အနီးအနား​က Cumbre Vieja အမျိုးသားဥယျာဉ်မှ ရွာ(၂)ရွာအပါအဝင် El Paso နှင့် Los Llanos de Aridane ကျေးရွာ(၄)ရွာကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

Canary ကျွန်းစုသမ္မတ Angel Victor Torres ကတော့ တနင်္ဂနွေနေ့ညတွင် လူ (၅၀၀၀)လောက်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး ယခုချိန်ထိ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကျေးရွာတွေထဲကို ချော်ရည်များဝင်ရောက်ခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း CNA သတင်းက ဆိုထားပါတယ်။ ရုပ်သံမှတ်တမ်းများအရ တောင်စောင်းကနေ စီးဆင်းလာတဲ့ ချော်ရည်များဟာ ကျေးရွာအတွင်းကို ဖြတ်ပြီး မီတာရာပေါင်းများစွာ ရှည်လျားကာ စမ်းချောင်းတစ်ခုကဲ့သို့ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာ ချော်ရည်တွေဟာကမ်းခြေကို ဦး တည်ရွေ့လျားနေပြီး အပျက်အစီးတွေပိုမို ဖြစ်ပွားလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ချော်ရည်တွေက ကုဗမီတာ ၁၇-၂၀ သန်းလောက်ရှိတဲ့အပြင် ချော်ရည်အပူချိန်မှာ ၁၀၇၅°C ရှိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ မီးတောင်ဟာ ၁၉၇၁ ခုနှစ်တုန်းက နောက်ဆုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး အနီးအနားရှိ လူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T