Covid-19 ရောဂါပိုးကူးစက်ခံရတာကြောင့် တိုက်ပေါ်ကခုန်ချသတ်သေခဲ့တဲ့ အမျိုးသား

//s9.kh1.co/8e/8e71b9df900fb6ed1e15cb445c8dceff301d10d7.webp
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မှာ အမျိုးသားတစ်ဦး တိုက်ပေါ်က ခုန်ချခဲ့ပါတယ်။

၄င်းအမျိုးသားဟာ ယုကီလို့ခေါ်တဲ့ ဂျပန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ၁၁ လွှာမှာရှိတဲ့ တိုက်ခန်းကနေ ခုန်ချသတ်သေခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/70/7040bd57251d7a9f29f50ad558cd60dd4fa608ea.webp

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအမျိုးသားဟာ တစ်ယောက်ထဲနေထိုင်သူဖြစ်ပြီး ပတ်ဝန်းကျင်နဲ့လည်း သိပ်အဆက်အဆံမရှိဘူးလို့ သိရပါတယ်။

ရဲတွေရောက်လာချိန်မှာတော့ ၄င်းအမျိုးသားဟာအသက်မဲ့နေပြီဖြစ်ပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် လက်လည်းကျိုးနေသလို ခန္ဓာကိုယ်ဟာလည်း ပုံပျက်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=425,h=232,q=100/8e/8e71b9df900fb6ed1e15cb445c8dceff301d10d7.webp

အိမ်နီးချင်းတွေရဲ့ ပြောကြားချက်အရတော့ ဒီအမျိုးသားဟာ Covid-19 ရောဂါပိုးကူးစက်ခံရတာကြောင့် အခုလိုသတ်သေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့အလောင်းကနေ Swab Test ယူပီးစစ်ဆေးကြည့်တဲ့အခါမှာလည်း Covid-19 ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=425,h=232,q=100/8e/8e71b9df900fb6ed1e15cb445c8dceff301d10d7.webp

သတင်း အရင်းအမြစ်Nationthailand

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T