မကြာခင်ရက်ပိုင်းက ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒေသခံတွေရဲ့ နေအိမ်တွေကို အာဏာရှင် လူတစ်စု ဘက်က မီးရှို့ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေကို တွေ့ရပါတယ် ။ နေအိမ် များစွာ ပြာကျ ပျက်စီး ခဲ့ရလို့လည်း သိရပါတယ် ။ တစ်ချို့ဆို လူတောင်မနေရသေးတဲ့ အိမ်အသစ်တွေ မီးလောင်တဲ့ အထဲ ပါသွားတာ စိတ်မကောင်းစရာပါပဲ ။
ဒီလို ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ အဖြစ်ကို ကြည့်ပြီး ပြည်သူအားလုံးကလည်း ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ ဒါ့ကြောင့်လည်း တတ်နိုင်သလောက် ကူညီ လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အခုလည်း ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဆရာတော် တစ်ပါးက မီးလောင်ကာ ပျက်စီးသွားတဲ့ နှမ်းခါးရွာက ဒေသခံတွေရဲ့ အိမ်များအတွက် အလှူငွေများ လာရောက် ထောက်ပံ့ပေးလျက်ရှိတာ တွေ့ရပါတယ် ။
နှမ်းခါးရွာကို ဆရာတော်ကိုယ်တိုင် ခက်ခက်ခဲခဲ ကြွရောက်လာပြီး တစ်အိမ်ထောင်ကို တစ်သိန်း ကျပ်နှုန်းနဲ့ စုစုပေါင်း ငွေကျပ် သိန်း (၅၀) ကို လှူဒါန်းထောက်ပံ့ပေးခဲ့တာကို တွေ့ရပါတယ် ။ အလှူပုံရိပ်တွေနဲ့ အတူ ပျက်စီးသွားတဲ့ နေအိမ်ပုံရိပ်တွေကိုလည်း ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။