အာကာသစခန်း တည်ဆောက်ဖို့ (၃)လကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အန္တရယ်ကင်းစွာ ကမ္ဘာ့မြေပြင်သို့ ဆင်းသက်လာနိုင်တဲ့ Shenzhou-12 အာကာသယာဉ်မှူးများ

//s9.kh1.co/fa/fa6d6a59cce6c1d85e17fc2762fe72cfe9b2bad8.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံမှာ စက်တင်ဘာ (၁၇) ရက်နေ့က အာကာသစခန်းတည်ဆောက်ဖို့အတွက် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံး ပို့လွှတ်ခဲ့တဲ့ တရုတ် အာကာသယာဉ်မှူး( ၃) ဦးဟာ (၃)လတာမစ်ရှင်ပြီးဆုံးပြီး ကမ္ဘာမြေပေါ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Xinhua သတင်းဌာနရဲ့ ဖော်ပြချက်များအရသိရပါတယ်။ လူလိုက်ပါသွားတဲ့ အာကာသယာဉ် Shenzhou-12 ရဲ့ return capsule ဟာ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ယာဉ်ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua

အာကာသယာဉ် Shenzhou-12 ရဲ့ return capsule ဟာ မြေပြင်ပေါ်သို့ကျရောက်ခဲ့ပြီးနောက် အာကာသယာဉ်မှူး (၃) ဦးဟာ return capsule ထဲ အခြေအနေကောင်းမွန်စွာ ထွက်လာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ Shenzhou-12 အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် ဇွန်လ (၁၇) ရက်နေ့က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua

Shenzhou-12 နဲ့ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူး (၃) ဦးဟာ ပင်မခန်းသို့ ဝင်ရောက်သွားခဲ့ပြီး အာကာသတွင် (၃)လကြာနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အာကာသစခန်း တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်း၊ အာကာသယာဉ်မှူးများ ကာလရှည်နေထိုင်မှုများ၊ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းလည်ပတ်ခြင်းနှင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ပြုပြင်ထိန်းသိမ်းခြင်း စတာတွေကို အဓိကျ စမ်းသပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua
Photo Credit - Xinhua

သတင်း အရင်းအမြစ်Source - Xinhua

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T