ရန်သူရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်နေကြတဲ့ PDFတပ်ဖွဲ့တွေလည်း ရှိသလို ရန်သူနဲ့ မျက်နှာချင်းဆိုင်ပြီး ရဲရဲရင့်ရင့်တိုက်ထုတ်နေကြတဲ့ PDFတပ်ဖွဲ့တွေလည်းရှိကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ရန်သူကို အမြစ်ပြတ်တိုက်ထုတ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေခဲ့ပါတယ်။ အချို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မဟာမိတ်PDFတပ်ဖွဲ့ထံကို စစ်ကူတွေပေးနေပြီး ပါဝင်တိုက်ခိုက်ပေးနေကြပါတယ်။
ယခုမှာတော့ CDFတပ်ဖွဲ့ဝင်တွေဟာ ရန်သူကိုတိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ အန္တရာယ်ကင်းကင်းနဲ့ နောက်တန်းသို့ ပြန်လာနေခဲ့ပါတယ်။CDFတပ်ဖွဲ့ဝင်တွေကတော့ အာဏာရှင်လူတစ်စုနဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ ယောဒေသဘက်သို့ သွားရောက်ပြီး ယော PDFတပ်ဖွဲ့ကို စစ်ကူသွားပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ထိခိုက်ကျဆုံးသူမရှိဘဲ အောင်မြင်စွာပြန်လာနိုင်ခဲ့တဲ့ CDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်စာမျက်နှာထက်ကို ထွက်ပေါ်လာခဲ့ပါတယ်။
အဆိုပါဗီဒီယိုဖိုင်ကို CDFတပ်ဖွဲ့ဝင်တစ်ဦးက ရိုက်ကူးထားတာ ဖြစ်ပြီး သေနတ်တွေကို သေချာကိုင်ကြဖို့လည်း အချင်းချင်းပြောဆိုနေကြတာကို မြင်တွေ့ရပါတယ်။ တိုက်ပွဲတွေ အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ပြီး နောက်တန်းတစ်နေရာကို ပြန်လာနေတဲ့ CDFတပ်ဖွဲ့ဝင်တွေအတွက် ပြည်သူတွေက ဝမ်းသာဂုဏ်ယူနေကြပြီး အောင်ပွဲတွေ ဆက်လက်ဆင်နွှဲနိုင်စေဖို့လည်း ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ အောင်ပွဲတွေနဲ့အတူ နောက်တန်းသို့ ပြန်လာနေကြတဲ့ CDFတပ်ဖွဲ့ဝင်တွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder