ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်တဲ့ ဖာရိုးကျွန်းစုမှာ တစ်ရက်အတွင်း လင်းပိုင် အကောင်ရေ (၁၄၀၀)ကျော်လောက် စံချိန်တင်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖာရိုးကျွန်းစုက ဒေသခံများဟာ နှစ်စဥ်နှစ်တိုင်း ရိုးရာဓလေ့တစ်ခုအဖြစ် လင်းပိုင် အမဲလိုက်ခြင်းများ ပြုလုပ်တဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဒေသခံများဟာ လင်းပိုင် အမဲလိုက်ခြင်းများပြုလုပ်ခဲ့ပြီး Skalabotnur ကမ်းခြေရှိ ရေတိမ်ပိုင်းမှာ ဓားများဖြင့် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်တွေထဲမှာတော့ လူရာပေါင်းများစွာက ကမ်းခြေမှာ အမဲလိုက်ခြင်းများကို လာရောက်ကြည့်ရှုကြတယ်လို့ ဆိုထားပါတယ်။ အမဲလိုက်ပြီးသား လင်းပိုင် အသေကောင်တွေကိုလည်း ဒေသခံများကို မျှဝေပြီး စားသုံးကြတာ ဖြစ်ပါတယ်။ ဖာရိုးကျွန်းက အမဲလိုက်ခြင်း ဓလေ့ဟာ လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ကျင့်သုံးခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ (၃၅) ကောင် နှင့် ၂၀၁၉ ခုနှစ်မှာ (၁၀) ကောင်ကဲ့သို့ ဖမ်းမိခဲ့ကြောင်း CGTN သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖာရိုးကျွန်းစုမှာ တစ်ရက်အတွင်း လင်းပိုင်အကောင်ရေ (၁၄၀၀)ကျော်လောက် စံချိန်တင်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ နိုင်ငံတကာထိန်းသိမ်းရေးအဖွဲ့များအကြား ထိပ်လန့်ခဲ့ရပြီး သတ်ဖြတ်ခဲ့တဲ့ မုဆိုးများကို ဝိုင်းဝန်းရှုတ်ချခဲ့ကြတယ်လို့ ဆိုပါတယ်။ မှတ်တမ်းများအရ ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဖာရိုးကျွန်းစုများမှာ တစ်ရက်အတွင်း သတ်ဖြတ်ခဲ့သော လင်းပိုင်အရေအတွက်ဟာ စံချိန်တင်အများဆုံးဖြစ်ကြောင်းပြသခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - CGTN