စူးရှထက်ကတော့ ခုလို အခြေအနေတွေ မှာ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့သလို လိုအပ်တဲ့ နေရာတွေမှာလည်း တတ်နိုင်သလောက် အစွမ်းကုန် လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ သူမကိုယ်တိုင်လည်း ဝင်ငွေမရှိတဲ့ ကာလဖြစ်နေပေမယ့် ရှာဖွေစုဆောင်းထားတဲ့ ချွေးနှဲစာနဲ့ တတ်နိုင်သလောက်တော့ အလှူအတန်းတွေကို ပြုလုပ်ပေးနေသူပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဘုရားတရားလည်း ကိုင်းရှိုင်းသလို မိဘကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်နေတာကို လေးစားစွာ တွေ့ရပါတယ်။ အခုလည်း ကာလဒါန အလှူလေးအဖြစ် ခက်ခဲနေတဲ့ ပြည်သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက်များကို သူမရဲ့ ဆိုင်အရှေ့မှာ လူတန်းစားမရွေး ပေးဝေ လှူဒါန်းခဲ့ပါတယ် ။
ဒီလို လှူဒါန်းနေတဲ့ ပုံရိပ်တွေကိုလည်း Live လွှင့်ပြသခဲ့တာကိုတွေ့ရပါတယ် ။ လာရောက် ယူဆောင်ကြသူတွေလည်း များပြားလျက်ရှိတာကို ဗီဒီယိုထဲမှာတွေ့ရမှာပါ ။ ဒီလို ကျပ်တည်းနေတဲ့ ကာလမှာ နည်းသည် များသည် ပဓာန မထားဘဲ စာနာစိတ် အပြည့်နဲ့ လှူဒါန်းဝေဌပေးနေတာ တကယ် မွန်မြတ်လှပါတယ် ။ ပရိသတ်ကြီးအတွက် စူးရှထက်ရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။