ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံမှာ အာဏာထိန်းချုပ်မှု စတင်ဖြစ်ပွားခဲ့ပါတယ်။တစ်နိုင်ငံလုံးက ရဟန်းရှင်လူ ပြည်သူအပေါင်းဟာ ဒီဖြစ်စဥ်ကိုလက်မခံနိုင်တာကြောင့် ဆန္ဒထုတ်ဖော်မှုများ လုပ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီမှစ ယခု စက်တင်ဘာအထိကို ဖမ်းဆီးခံပြည်သူနဲ့ ကျဆုံးပြည်သူအရေအတွက်ဟာလည်း တစ်နေ့တစ်ခြားပိုမိုများပြားလာပါတယ်။ဖမ်းဆီးခံရသူများနှင့် ကျဆုံးသူများထဲတွင် ကျောင်းသားပြည်သူများသာမက ရဟန်းသံဃာတော်တွေပါ ပါလာခဲ့ပါတယ်။
ဒါကြောင့် သံဃ သမဂ္ဂ အနေနဲ့ ယမန်နေ့ စက်တင်ဘာ(၁၅)ရက်က ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက်
ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက Online မှ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ဒါ့အပြင် သံဃာတော်များက မေတ္တသုတ်၊မောရသုတ် နှင့် ပရိတ်တော်များဖြင့် ညစဉ်ညတိုင်း ရွတ်ပွားသရဇ္ဇာယ်ချီးမြှင့်ပေးကာ ပြည်သူများအတွက်ဆုတောင်းပေးနေကြပါတယ်လို့ သတင်းရရှိပါတယ်။