(၇၅)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ပိတ်ပွဲအစည်းအဝေးကို မနေ့က စက်တင်ဘာ(၁၄)ရက် မွန်းလွဲ (၃)နာရီအချိန်၌ ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။၎င်းအစည်းအဝေး ပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်မှာ အရည်အချင်းစစ်ကော်မတီ(Credentials Committee)ကိုဖွဲ့စည်းကာ အဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံကိုယ်စားပြု မည်သူ့ကို UN တွင် အမြဲတန်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးခန့်အပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်မှာဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးမှာ ဦးကျော်မိုးထွန်းကိုသာ ထောက်ခံကြောင်း ပြည်သူအချို့ကလည်း ယမန်နေ့များက ကမ္ဘာမှာရော မြန်မာမှာပါ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ပြည်သူများကရော ကမ္ဘာကပါ ဒီအစည်းအဝေးမှာ ပြောကြားလာမယ့် မြန်မာ့အရေးနဲ့ပတ်သက်တဲ့တုံ့ပြန်မှုတွေကို အင်မတန်စိတ်ဝင်စားနေကြပါတယ်။
(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ကျင်းပခဲ့ရာ အစည်းအဝေးကို (၇၆)ကြိမ်မြောက် အထွေထွေညီလာခံဥက္ကဋ္ဌ H.E. Mr. Abdulla Shahid မှ ဖွင့်လှစ်ပေးခဲ့ပြီးနောက် အထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။အရည်အချင်းစစ် ကော်မတီ တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်ပါတယ်။ထို (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲအစည်းအဝေး နှင့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့ပါတယ်။