အမေရိကန်နိုင်ငံ ဖေလော်ရီဒါပြည်နယ် Port Orange မြို့မှအသက် (၅၆) နှစ်အရွယ်ရှိ Donna Crane ဆိုသူအမျိုးသမီးဟာ Covid 19 ရောဂါကူးစက်ခံရပြီး (၁၀) ရက်အကြာမှာ အသက်ရှုကျပ်တဲ့ ဝေဒနာ ခံစားရတာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ICU ထဲမှာထားမှာ ကုသမှုခံယူခဲ့ရပါတယ်။ ဒီလိုကုသခံနေရတဲ့အချိန်မှာ သူမရဲ့ခင်ပွန်းဖြစ်သူ Gary Crane ဟာ ဇနီးသည်ကို ပြတင်းပေါက်ကို ကြည့်ဖို့အမှာစကားလေးတစ်ခွန်းသာပြောခဲ့ပါတယ်။ ဇနီးဖြစ်သူဟာလည်း ခင်ပွန်းရဲ့စကားအတိုင်း ပြတင်းပေါက်ကိုကြည့်တဲ့အချိန်မှာ " I Love You " ဆိုတဲ့ ဆိုင်းဘုတ်လေးကိုကိုင်ကာ ချစ်ဇနီးအတွက် နွေးထွေးမှုတွေပေးခဲ့ပါတယ်။
ဆေးရုံကသူနာပြုအချို့ဟာလည်း ဒီဆိုင်းဘုတ်လေးကိုမြင်ပြီး နှစ်ယောက်သားရဲ့ချစ်ခြင်းမေတ္တာကို သဘောတကျဖြစ်နေခဲ့ပါတယ်။ ချစ်ဇနီးကုသမှုခံယူနေရတဲ့ရက်တိုင်းမှာ ဒီဆိုင်းဘုတ်လေးကိုင်ကာ ဇနီးကိုပျော်ရွှင်စေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ ဇနီးကိုသိပ်ချစ်ပြီးပျော်စေချင်တာကြောင့် အခုလိုလုပ်ခဲ့ကြောင်း CNN သတင်းဌာနကိုပြောပြလာခဲ့ပါတယ်။ ဒီလိုချစ်ခြင်းမေတ္တာတွေကြောင့် Donna Crane ဟာ ဝေဒနာတွေသက်သာပြီး ဆေးရုံကဆင်းလာနိုင်ခဲ့ပါတယ်။
ဒီလိုဝေဒနာတွေခံစားရပြီးနောက်မှာတော့ နှစ်ယောက်သားရဲ့အချစ်တွေဟာ အရင်ကထက်ပိုပြီး ခိုင်မြဲလာခဲ့ ပါတယ်။ ဆေးရုံကဆင်းပြီးနောက်မှာတော့ နှစ်ယောက်လုံး ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေခဲ့တယ်လို့ လည်းသိရပါတယ်။ တစ်ချို့ချစ်ခြင်းမေတ္တာတွေဟာ စကားတွေအများကြီး ပြောစရာမလိုဘဲ ရိုးရှင်းလှပ လွန်းပါတယ်။ အတူတူရှိရှိမရှိရှိ နှလုံးသားတွေသာ နီးကပ်ခဲ့ရင် ချစ်ခြင်းမေတ္တာတိုင်းဟာ အဓိပ္ပါယ်ပြည့်ဝနေမှာပါ။
သတင်း အရင်းအမြစ်៖ CNN's Fb Acc