ယခုလိုအခြေအနေဆိုးရွားတဲ့ ကာလကြီးမှာ ဆိုင်ကယ်လုယက်ခံရမှုတွေ၊ စျေးဆိုင်ဖောက်ထွင်းခံရမှုတွေ ၊ဓားပြတိုက်ခံရမှုတွေ စတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားလျက်ရှိနေပါတယ်။ မန္တလေးမြို့က နေအိမ်တွေ၊ဆိုင်ခန်းတွေ ဖောက်ထွင်းခံရတဲ့ သတင်းတွေကိုလည်း မကြာခဏကြားသိနေရပါတယ်။ ယခုမှာတော့ မန္တလေးမြို့က ပြည်သူတစ်ဦးဟာ မိသားစုဝင်(၁၄)ဦးမှာ (၁၂)ဦးက ကိုဗစ်ကူးစက်ခံထားရလို့ စိတ်သောကရောက်နေချိန် စျေးဆိုင်လေးဖောက်ထွင်းခံလိုက်ရလို့ အလွန်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
သူခိုးတွေက သူမရဲ့ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို ယူဆောင်သွားတဲ့အကြောင်း ဝမ်းနည်းစွာနဲ့ အဆိုပါပြည်သူက ဖွင့်ဟလာခဲ့ပါတယ်။ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့ ကိုဗစ်ကူးစက်ခံခဲ့ရလို့ စိတ်ပူလွန်းလို့ ကျိတ်ငိုနေရချိန်မှာပဲ ခင်ပွန်းဖြစ်သူကပါ ကိုဗစ်ကူးစက်ခံရပြီး အောက်ဆီဂျင်တွေ ကျနေခဲ့ကြောင်း၊ အောက်ဆီဂျင်ရှာရလွယ်တဲ့ ယခုလိုအချိန်မှ တစ်အိမ်လုံးကိုဗစ်ကူးစက်ခံရတာဖြစ်လို့ နည်းနည်းဖြေသာခဲ့ကြောင်း အဆိုပါပြည်သူက ပြောပြလာခဲ့ပါတယ်။
ယခုမှာတော့ အိမ်မှာရှိတဲ့ မိသားစုဝင်(14)ယောက်မှာ (12)ယောက်က ကိုဗစ်ကူးစက်ခံခဲ့ရလို့ အစစအရာရာ ကိုယ်တိုင်လုပ်ကိုင်ပေးနေရကြောင်း၊ မိသားစုဝင်တွေကို ပင်ပင်ပန်းပန်းနဲ့ ဂရုတစိုက်ပြုစုပေးနေချိန်မှာ ကံဆိုးမှသွားရာ မိုးလိုက်လို့ရွာသလို ဈေးဆိုင်လေးဖောက်ထွင်းခံရကြောင်း၊ ဘာမှမကျန်တော့တဲ့အထိ သူခိုးတွေက ဆိုင်ကပစ္စည်းတွေအကုန်လုံးကို ယူဆောင်သွားကြောင်း၊ ရင်ထဲမှာဆို့နင့်တဲ့အထိ ခံစားနေရကြောင်း အဆိုပါပြည်သူက စိတ်မကောင်းစွာနဲ့ ဖွင့်ဟလာခဲ့ပါတယ်။ ပြည်သူတစ်ဦးရဲ့ ဆိုင်လေး ဖောက်ထွင်းခံရလို့ ပစ္စည်းနည်းနည်းသာ ကျန်ရှိတော့တဲ့ စိတ်မကောင်းစရာပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder