Jennie Kim ဆိုတာနဲ့ Kpop အဖွဲ့ ဖြစ်တဲ့ BLACKPINK အဖွဲ့က အဆိုတော်ဆိုတာ အားလုံးကသိကြမှာပါ။သူမဟာ BLACKPINK ရဲ့ main rapper တစ်ဦးလည်းဖြစ်ပါတယ်။ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ မိမိုက်လွန်းတဲ့ Rap သီဆိုဟန်တွေကြောင့် ပရိတ်သတ်တွေကတော့ Jennie ကို ချစ်ခင်အားပေးလျက်ရှိပါတယ်။
သိပ်မကြာသေးခင်ကလည်း Calvin Klein ရဲ့ Global Brand Ambassador အဖြစ် ခန့်အပ်ခြင်းကို ခံထားရသူလေးလည်းဖြစ်ပါတယ်။ဒီလို ခန့်အပ်ပြီးသိပ်မကြာခင်မှာပဲ သူမရဲ့ခပ်မိုက်မိုက်ပုံတွေက ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ဒါ့အပြင် အချိန်တိုအတွင်း 9M likes ကို ကျော်လွန်သွားတာမို့ Kpop Idol တွေထဲ အချိန်တိုအတွင်း 9M likes ကိုအမြန်ဆုံးရရှိသူလို့လည်း ပရိတ်သတ်တွေက မှတ်ချက်ပေးနေကြပါတယ်။
ယခုမနက်မှာလည်း Jennie ဟာ သူမရဲ့ Instagram မှာ " Where have all flowers gone? "ဆိုတဲ့ Caption လေးနဲ့ ပုံတွေတင်ထားတာတွေ့ရပါတယ်။သူမရဲ့ပုံလေးမှာဆိုရင် အရမ်းကိုချစ်စရာကောင်းပြီးအပြစ်ကင်းစင်နေတဲ့ သူမရဲ့ Bare Face လေးအပြင် သူမရဲ့ အိမ်မွေးအချစ်တော်လေးတွေကိုပါ အတူတူတွေ့ရမှာပါ။ပရိတ်သတ်တွေကလည်း သူမရဲ့ ပုံအသစ်တွေကို တအားချစ်စရာကောင်းလွန်းတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။သူမရဲ့ ပုံလေးတွေကိုလည်း ကြည့်ရှုခံစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်။