စစ်ဘေးရှောင်စခန်းတွေဆီကို ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်လေးတွေက သွားရောက်ပြီး လိုအပ်တာတွေကို ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။စစ်ဘေးရှောင်ဒေသတွေဆိုတာ သွားရေးလာရေးခက်ခဲပေမယ့်ပစ္စည်းတွေ၊စားစရာတွေကို ကားနဲ့တင်ဆောင်ပြီးလှူပေးနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း အခုလိုထောက်ပံ့ကူညီပေးမှုတွေကြောင့်သာ အနည်းငယ်အဆင်ပြေပြီး အားတင်းရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာဆိုရင် ပညာသင်ကြားရမယ့်အရွယ်ရောက်နေတဲ့ ကလေးငယ်တွေအများအပြားရှိတာကြောင့် သူတို့လေးတွေကိုပါ လူငယ်တချို့က စာသင်ပေးကြတာဖြစ်ပါတယ်။ကလေးတွေကလည်း အခြေအနေအရသာ ကျောင်းလွယ်အိတ်လေးလွယ်ပြီး ကျောင်းမတက်ရပေမယ့် တောတောင်ထဲမှာ ကြိုးကြိုးစားစားသင်ယူနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း စစ်ဘေးရှောင်စခန်းတစ်ခုမှာရှိတဲ့ ကလေးတွေအကုန်လုံးက သီချင်းလေးတစ်ပုဒ်ကိုသီဆိုနေကြတာဖြစ်ပါတယ်။
အဲ့ဒီသီချင်းလေးကတော့ "ခွန်အားဖြည့်မိငယ်" သီချင်းဖြစ်ပြီး အမေစုရဲ့အကြိုက်နှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။သီချင်းလေးရဲ့စာသားတွေကလည်း ခွန်အားဖြစ်စေပြီး အရာရာကိုအားတင်းရင်ဆိုင်နိုင်စေပါတယ်။ဒါ့ကြောင့် စစ်ဘေးရှောင်ကလေးတွေက သီချင်းလေးကို တညီတညာတည်း သံပြိုင်သီဆိုနေကြတဲ့ဗီဒီယိုကို Clean Yangon အဖွဲ့သားတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာတာကြောင့် ပြည်သူတွေအားလုံးကြည့်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit:Clean Yangon’s Fb page
Source&Video Credit:Clean Yangon’s Fb page