ဂေါတမမြတ်စွာဘုရားရှင်သာသနာတော်တွင် ရှင်သီဝလိရဟန္တာကိုယ်တော်မြတ်ကြီးက လာဘ်လာဘအကြီးမားဆုံး မထေရ်အဖြစ် တိုင်းသူပြည်သားတွေကလက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီနေ့ခေတ်အထိလည်းတချို့ပြည်သူတွေက ရှင်သီဝလိရဟန္တာကိုယ်တော်မြတ်ကို မိမိတို့အိမ်မှာပူဇော်ထားရှိကြပါတယ်။ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့မှာဆိုရင် တောင်ကြီးငါးလုံးရှိတဲ့ထဲမှ အလယ်မှာတည်ရှိတဲ့ကေလာသဖတောင်ပေါ်တွင် ရှင်သီဝလိရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ခြေတော်ရာရှိပါတယ်။
ယနေ့ခေတ်ပြည်သူတွေကလည်း ရှင်သီဝလိရဲ့ခြေတော်ရာကို သွားရောက်ဖူးမြော်ကြပါတယ်။ "ရှင်သီဝလိဂါထာ"ကို ရွတ်ဖတ်ပြီးအဓိဌာန်ဝင်ကာ လိုရာဆုကိုလည်းတောင်းကြပါတယ်။စက်တင်ဘာလ (၉)ရက်နေ့၊ည(၇:၃၀)ခန့်အချိန်မှာတော့ ရှင်သီဝလိခြေတော်ရာတောင်တော်မြတ် ခြေဆေးကန်စေတီမှ ရောင်ခြည်တော်များ ကွန့်မြူးခဲ့တယ်လို့သိရပါတယ်။ရောင်ခြည်တော်ကွန့်မြူးချိန်ကတော့ တစ်နာရီခွဲခန့်ကြာသည့်အထိ တောက်ပခဲ့တာဖြစ်ပါတယ်။
ကျောက်ကြီးမြို့မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေကလည်း ရောင်ခြည်တော်ကွန့်မြူးနေတာကို ဗီဒီယိုရိုက်ထားပြီးဖူးမြော်နေကြတာဖြစ်ပါတယ်။အခုလိုမျိုး ရောင်ခြည်တော်ကွန့်မြူးတာက အေးချမ်းသောနမိတ်လို့ ပြည်သူတွေကယူဆကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သမိုင်းဝင်တွင်ကျန်ရစ်နေတဲ့ ရှင်သီဝလိခြေတော်ရာကို ပြန်လည်မွမ်းမံပြီး ပူဇော်ကြတာဖြစ်ပါတယ်။ပြည်သူလူထုလည်း ရောင်ခြည်တော်ကွန့်မြူးနေတာကို ဖူးမြော်ခွင့်ရအောင်လို့ ဗီဒီယိုကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit: Original Uploder
Source&Video Credit: Original Uploder