ဗိုလ်ကြီးညီသုတကတော့ ပြည်သူတွေနဲ့ CDM ပြုလုပ်ကြမယ့် ရဲဘော်တွေအကြား ပေါင်းကူးတံတားအဖြစ် ပြုလုပ်ပေးနေတဲ့ အခက်အခဲလေးတွေကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ သူကိုယ်တိုင်တိုင်းရင်းသားနယ်မြေမှာ PDF လူငယ်တွေနဲ့အတူ ရောက်ရှိခဲ့ပေမယ့် လက်နက်ပြန်မကိုင်ဘူးလို့ ဖွင့်ဟထားတာကြောင့် သေနတ်ကိုင်ပြီးတောင် ဓာတ်ပုံမကိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
မြေပြင်မှာ အမှန်တကယ်လုပ်နေတဲ့ ရဲဘော်တွေက အများကြီးတန်ဖိုးကြီးမားတာကြောင့် သွယ်ဝိုက်ကူညီပေးနိုင်တာကို ကူညီပေးကြဖို့ကိုလည်း ဗိုလ်ကြီးညီသုတက တိုက်တွန်းထားပါသေးတယ်။စကစလက်အောက်ကနေ ရာနဲ့ချီတဲ့ရဲဘော်တွေ ထွက်လာအောင်နဲ့ ဆက်လက်ထွက်လာဖို့အတွက်ဖြစ်နေတဲ့ အခက်အခဲအတားအဆီးတွေကို ပြည်သူနဲ့ ရဲဘော်တွေကြား အရှိအတိုင်း ပေါင်းကူးပေးတာဖြစ်ပါတယ်။
တပ်တွင်းသတင်းနဲ့ ကြေးနန်းအတုတွေတင်တာမျိုးကို ရှောင်ပြီး Flase hope ဖြစ်စေတဲ့ ကိန်းဂဏန်းတွေကို ရှောင်ကာ ဘက်ကူးပြောင်းဖို့ စည်းရုံးရာမှာလည်း အရှိတရားကိုပဲ အခြေခံစည်းရုံးတယ်လို့ ဆိုပါတယ်။ ဗိုလ်ကြီး ညီသုတကတော့ သူ့အနေနဲ့ ပေါင်းကူးတံတားဖြစ်တာကြောင့် နှစ်ဘက်လုံးက တက်နင်းတာခံရပေမယ့်လည်း သူ့ရဲ့ရွေးချယ်မှုဖြစ်တာကြောင့် ကိစ္စမရှိပါဘူးဆိုပြီးတော့လည်း ပြောပြထားပါတယ်။
သတင်း အရင်းအမြစ်៖ Nyi Thuta's Fb Acc