မြန်မာပြည်သူလူထုကတော့ လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေမှာ စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီရင်းဆက်လက်လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ဒါ့အပြင် အများအကျိုးအတွက် အသက်ကိုတောင်ပေးထားကြတဲ့ PDF ရဲဘော်တွေကိုလည်း မမေ့မလျော့ဘဲ သူတို့အတွက်လိုအပ်တာတွေကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။PDF လူငယ်တွေကတော့ မိသားစုနဲ့ခွဲခွါလာပြီး တောထဲမှာနေထိုင်နေရတာ တစ်လပြီးတစ်လကြာမြင့်လာပေမယ့် အားတင်းထားကြဆဲဖြစ်ပါတယ်။
ပြည်သူတွေကလည်း PDF တွေကိုစိတ်ချယုံကြည်ပြီးအားကိုးကြသလို PDFတွေကလည်း ပြည်သူလူထုကိုအားကိုးကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူနဲ့ PDF တွေ စည်းလုံးညီညွတ်ရင် လိုချင်တဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်နိုင်မှာပဲဖြစ်ပါတယ်။PDF တွေဆိုရင် အခုအခြေအနေမှာ ညဘက်တွေမအိပ်ရတာလည်းရှိသလို ခဏလေးမှေးရင်တောင် သေနတ်ကိုပိုက်ထားရတာဖြစ်ပါတယ်။ဘယ်အချိန်မှာ ဘာဖြစ်မယ်မှန်းမသိတာကြောင့် အရာရာတိုင်းကို သတိဝီရိယထားနေရတာဖြစ်ပါတယ်။
သူတို့ အစာရေစာငတ်ပြီး ဒုက္ခရောက်နေခဲ့ရင်တောင် ပြည်သူတွေအပေါ်မှာဘယ်တော့မှအနိုင်မကျင့်ဘူးလို့PDFရဲဘော်တစ်ဦးက ရေးသားထားတာဖြစ်ပါတယ်။ရိုးရိုးသားသားနဲ့သာ ပြည်သူတွေရဲ့အကူအညီကိုလက်ခံပြီးအစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်ပါတယ်။ပြည်သူတွေကလည်း PDF ရဲဘော်တွေ ဘေးရန်ကင်းကြပါစေလို့ နေ့တိုင်းဆုတောင်းပေးကြပြီး လိုအပ်တာတွေကို တတ်နိုင်သလောက်လှူဒါန်းနေကြကြောင်းကို ပြတ်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder