အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက်ပိုင်း၊ ဘန်တန်းပြည်နယ်ရှိ အကျဉ်းထောင်အဆောင်တစ်ခုမှာ စတင်ဘာလ(၈)ရက် ၊ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိပ်မောကျနေတဲ့ အကျဉ်းသား (၄၁)ဦး သေဆုံးခဲ့ကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ CNA သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘန်တန်းပြည်နယ်ရှိ မီးလောင်ကျွမ်းမှုဟာ နံနက် (၁) နာရီမှ (၂ )နာရီတွင် Tangerang Prison Block (C) ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး မူးယစ်ဆေးစွဲချက်များဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသားအများအပြား ရှိကြောင်းသိရပါတယ်။



အဆိုပါမီးလောင်းကျွမ်းမှုဟာ နံနက် ၃ နာရီခန့်တွင်မီးငြိမ်းသွားခဲ့ပြီး သေဆုံးသူ (၄၁) ဦး၊ ပြင်းထန်ဒဏ်ရာရရရှိခဲ့သူ (၈)ဦးနှင့် (၃၁) ဦးမှာ အသေးစားဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားတရားရေး၀န်ကြီး Yasonna Laoly ကပြောကြားခဲ့ပါတယ်။ အာဏာပိုင်များကတော့ မြို့တော်ဂျကာတာ အပြင်ဘက် Tangerang Penitentiary အကျဥ်းထောင်မှာ မီးလောင်ကျွမ်းတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း လျှပ်စစ်ချို့ယွင်းမှုကြောင့် ဟုအပြစ်တင်ဖွယ်ရှိနေခဲ့ပါတယ်။



အစိုးရရဲ့ အချက်အလက်များအရ ဂျာကာတာမြို့အနီးရှိ စက်မှုနှင့်ကုန်ထုတ်လုပ်ရာ Tangerang Penitentiary အကျဥ်းထောင်မှာ အကျဉ်းသား (၂၀၀၀) ကျော်သာရှိတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းခဲ့တဲ့ အဆိုပါအဆောင်မှာ အကျဥ်းသား (၄၀)ဦးသာဆံ့သော်လည်း လူ(၁၂၀)ဦးလောက် ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူများထဲတွင် တောင််အာဖရိကနိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီ နိုင်ငံခြားသားတစ်ဦးလည်း ပါရှိကြောင်းသိရပါတယ်။




သတင်း အရင်းအမြစ်៖ Source - CNA