ဖေဖော်ဝါရီ(၁)ရက်နေ့ နောက်ပိုင်းက စတင်ပြီး ယနေ့အချိန်ထိ မြန်မာပြည်အတွင်း ပြည်တွင်းရေးမငြိမ်သက်မှုတွေနဲ့ နေရာအနှံ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့စက်တင်ဘာ (၈)ရက်နေ့ နေ့လည်ပိုင်းအချိန်မှာလည်း သမိုင်းလမ်းဆုံ ဦးဘဟန်လမ်း မီးပွိုင့်အနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ မွန်းလွဲ (၁)နာရီ (၃၀)မိနစ် အချိန်မှာ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ ကြွေ (၁) စက်ရုံနား ဦးဘဟန်မီးပွိုင့် ယာဉ်ထိန်းရုံး အဆောင် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ချိန်မှာတော့ ကားအသွားအလာလင်းရှင်းပြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ပေမယ့် ပြည်သူတွေကတော့ ထိတ်လန့်နေကြတာရတွေ့ရပါတယ်။
အေးရှားဝေါးလ်ဆိပ်ကမ်းအနီး၊ သမိုင်း မီးပွိုင့်၊ တောင်ဒဂုံ ၊ ဒဂုံဆိပ်ကမ်းအပါအဝင် ရန်ကုန်မြို့ တစ်ဝန်း ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
နေရာတော်တော်များများပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက် သွားလာကြဖို့ တိုက်တွန်းရင်း သမိုင်း ဦးဘဟန်လမ်း ယာဉ်ထိန်းရဲအဆောင်ဗုံးပေါက်ကွဲမှု ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။