ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစတင်ပြီး ပြည်သူ့အာဏာ သိမ်းယူသွားပြီးနောက် ဒီမိုကရေစီလိုလာတဲ့ ပြည်သူတွေကတော့ ရရာနည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် လာကြတာဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်လူတစ်စုရဲ့ လုပ်ငန်းစဥ်တွေ ရပ်တန့်သွားအောင် ထုတ်လုပ်ရောင်းချနေတဲ့ ယာမကာအမျိုးမျိုး ၊ စားသုံးကုန်ပစ္စည်းအမျိုးမျိုးနဲ့ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် အခြားအရာများကို ဝယ်ယူသုံးစွဲခြင်း၊ အားပေးခြင်း ၊ အသုံးပြုခြင်းများကို မပြုလုပ်ကြဘဲ ပြည်သူများက ဆန့်ကျင်ဆန္ဒပြလာကြတာ ယခုထိတွေ့မြင်နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတို့ရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ Mytel ဆင်းကတ်များကို ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ခဲ့ကြသလို Mytel ဆက်သွယ်ရေး တာဝိုင်တိုင်များကိုလည်း မိုင်းခွဲပြီးဖြိုချဖျက်စီး မီးရှို့တာတွေလည်း လတ်တလောမှာ ပိုမိုဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ယခုမှာလည်း အာဏာရှင်လူတစ်စုပိုင်တဲ့ Mytel ဆက်သွယ်ရေး တာဝိုင်တိုင်များကို PDF တွေက မိုင်းဖောက်ခွဲဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံနှံ့လာခဲ့ပါတယ်။
ဒီတစ်ခါဖျက်စီးခဲ့တာကတော့ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာ ၊ ရပ်ကွက်တွေမှာရှိတဲ့ Mytel တာဝါတိုင် (၁၁)တိုင် နဲ့ ဆက်စပ်ပစ္စည်း စက်ကိရိယာများကို စတင်ဘာလ(၇)ရက်နေ့ တစ်ချိန်တည်းမှာပဲ မိုင်းဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ အားပြင်းတဲ့ မိုင်းဒဏ်ကြောင့် Mytel တာဝါတိုင် နဲ့ ဆက်စပ်ပစ္စည်း စက်ကိရိယာများဟာ ယခုပုံတွေမှာ မြင်တွေ့ရသိအတိုင်း ရစရာမရှိအောင် မီးလောင်ပျက်စီးသွားတာကို တွေ့မြင်ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - PRN