ပါကစ္စတန်နိုင်ငံ၊ ဘာဟာဝဲလ်မြို့ရှိ ဘာဟာဝဲလ် ဝိတိုရိယဆေးရုံ(BVH) တွင် အသစ်ခန့်အပ်လိုက်သော ဆေးရုံအုပ်မှ ဆေးရုံအတွင်း ဂျင်းဘောင်းဘီဝတ်ခြင်းကို တားမြစ်လိုက်ပြီး အမျိုးသမီးဆေးဝန်ထမ်းများအနေဖြင့် ပဝါမဖြစ်မနေခြုံရမယ်လို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံသတ်မှတ်ရခြင်းမှာ အစ္စလာမ်အကြောင်းဟောပြောရန်နဲ့ လူ့အဖွဲ့အစည်းကို ပြုပြင် ပြောင်းလဲရန် ဟု ဆေးရုံအုပ် အသစ်က ပြောကြားခဲ့ကြောင့် နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြထားကြပါတယ်။
ခြေချင်းဝတ် အထက်ခါးမြင့် ဘောင်းဘီရှည်၊ကျပ်သောအဝတ်အစားများ၊ ပါးလွှာသော အဝတ်များ၊လက်ကောက် လက်စွပ်များ၊ မိတ်ကပ်ထူထူ လိမ်းခြင်း ၊ ဆံပင်ရှည်များကို မထုံးခြင်း၊ ဒေါက်မြင့်ဖိနပ်များ၊ ခေတ်ဆန်လွန်းသော ဆံပင်ပုံစံများ၊ လက်သည်းနီဆိုးခြင်း၊ ကွင်းထိုးဖိနပ်နှင့် ခြေကျင်းဝတ်ခြင်းတို့ကို မပြုလုပ်ဖို့ ဆေးရုံအုပ်မှ တင်းကျပ်စွာ စည်းကမ်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ခွဲစိတ်ခန်းကို ဝင်ကြရမယ့် အမျိုးသမီးဆေးဝန်ထမ်းများအနေနဲ့ ရတနာအသေးစားလေးများတပ်ထားတဲ့ ခြုံလွှာ၊ပဝါတို့နှင့်အတူ ခွဲစိတ်ခန်းဝတ် ကုတ်အင်္ကျီများဝတ်ဆင်ရန်နှင့် သားဖွားဝတ်စုံများကို ဆေးရုံစည်းကမ်းတွင် မဖြစ်မနေဝတ်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။
ထိုသို့ စည်းကမ်းချက်တွေ ထုတ်ပြန်ရခြင်းမှာ အစ္စလာမ်အကြောင်း ဟောပြောရန်၊ ဘာသာရေးတန်ဖိုးများ မြှင့်တင်ရန်နှင့် လူ့အဖွဲ့အစည်းကိုပြုပြင်ပြောင်းလဲရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်ပသတင်းဌာနတစ်ခုရဲ့သတင်းတွင် ရေးသားထားတာ ဖြစ်ပါတယ်။ ပြင်းထန်လွန်းတဲ့ စည်းကမ်းချက်တွေကြောင့် ဆေးရုံဝန်ထမ်းအမျိုးသမီးအများစုကတော့ ကျေနပ်ခြင်းမရှိကြပါဘူး။ ဒီသတင်းဟာ လတ်တလောလူမှုကွန်ယက်တွင် လူပြောများနေတာကြောင့် ပရိသတ်တွေ သိရှိစေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Dawn.com’s Facebook Page