၁၉၅၀ -၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ တရုတ်စစ်သား (၁၀၉) ဦးရဲ့ ကြွင်းကျန်ရစ်သော နောက်ထပ် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားနိုင်ငံက စက်တင်ဘာ (၁) ရက်နေ့မှာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အပြောင်းအရွှေ့အခမ်းအနားကို တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့အနောက်ဘက်က အင်ချွန်း နိုင်ငံတကာလေဆိပ်မှာ ကျင်းပပြုလုပ်ခဲ့တာပါတယ်။
တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xing Haimingကတော့ ကြွင်းကျန်ပစ္စည်းများထည့်ထားသော အခေါင်းများအား လေယာဉ်ပေါ်သို့ မသယ်ဆောင်မီအချိန် အခေါင်းတစ်ခုချင်းစီကို နိုင်ငံတော်အလံလွှမ်းခြုံဖုံးအုပ်ပေးခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ တရုတ်စစ်သား (၁၀၉) ဦးရဲ့ ကြွင်းကျန်ရစ်သော အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်လာတဲ့ အခေါင်းများကို တရုတ်အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် Taoxian အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အာဏာပိုင်တွေက ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို လုပ်ဆောင်ခဲ့ပါတယ်။
ယခုတောင်ကိုရီးယားနိုင်ငံ ပြန်လည်လွှဲပြောင်းပေးတဲ့ အခမ်းအနားဟာ (၈)ကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ (၇) ကြိမ်အတွင်း တရုတ်ပြည်သူ့ စေတနာ့ဝန်ထမ်းအာဇာနည် (၇၁၆) ဦးရဲ့ ကြွင်းကျန်ရစ်တဲ့ အသုံးအဆောင်ပစ္စည်းများကို ၂၀၁၄ ခုနှစ်ကနေစတင်ပြီး ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ စစ်မှုထမ်းဟောင်းရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chang Zhengguo ကတော့ ၎င်းတို့ရဲ့ အမိမြေသို့ နောက်ထပ်ကြွင်းကျန်ရစ်တဲ့ အသုံးအဆောင်ပစ္စည်းများကို
ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင့် ယင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - CGTN