ဆရာတော်တစ်ပါးရဲ့ ဇာတိရွာလေးဖြစ်တဲ့ မြိုင်မြို့နယ်၊ ကျော်ရွာက ရွာသားတစ်ဝက်လောက်ဟာ ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဆေးကုသပေးမယ့် လူမရှိဖြစ်နေတာ ဖြစ်ပါတယ်။ အဆိုပါဘုန်းဘုန်းကတော့ အကူအညီလိုနေတဲ့ ဇာတိရွာလေးဆီ ဆရာဝန်တစ်ဦးကို ခေါ်ပြီး ပြန်ကာ နေ့မနား၊ညမနားနဲ့ ကိုဗစ်လူနာတွေကို ဆေးကုသပေးနေခဲ့ပါတယ်။ ဘုန်းဘုန်းရဲ့ ကြိုးစားဆောင်ရွက်မှုကြောင့် ယခုဆိုရင် တစ်ရက်လုံးမှ လူနာ (၇၀)ဝန်းကျင်လောက်သာ ရှိတော့တဲ့အထိ လျော့နည်းသွားခဲ့တာ ဖြစ်ပါတယ်။
ယခုမှာတော့ အဆိုပါဘုန်းဘုန်းဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေရဲ့ ကျန်းမာရေးကြောင့် သူကိုယ်တိုင်ချမှတ်လိုက်တဲ့ စည်းကမ်းတွေကို ရွာသားတွေက စနစ်တကျလိုက်နာကြတဲ့ အကြောင်း ပြောပြလာခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခံထားရသူအများစုဟာ ရောဂါသက်သာလာပြီဆိုပေမယ့် ချောင်းဆိုးတာ၊ မောပန်းနွမ်းနယ်တာ၊ အစာမဝင်တာ၊ အိပ်မပျော်တာ စတဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကို ခံစားရသေးတာ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ဇာတိရွာလေးက ရွာသားအများစုဟာ ဆောင်းဘောက်တွေ၊ လော်စပီကာတွေနဲ့ စက်တွေဖွင့်ကြတာပဲ ဖြစ်ပါတယ်။
ကိုဗစ်လူနာတွေက အဆင်ပြေတဲ့အချိန် အိပ်စက်အနားယူကြရမှာဖြစ်ပြီး ဆူညံသံတွေနဲ့ ဘယ်လိုမှ အဆင်မပြေတာကြောင့် ဘုန်းဘုန်းက နေ့ကော ညပါ စက်ဖွင့်တာ၊ ဆူညံတာတွေ မပြုလုပ်ကြဖို့ မိုက်နဲ့ ကြေငြာပြီး မေတ္တရပ်ခံလိုက်တာ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းကို ရွာသားတွေက တစ်သွေမတိမ်းလိုက်နာကြပြီး ယခုဆိုရင် ရွာလေးဟာ တိတ်ဆိတ်အေးချမ်းနေကြောင်း အဆိုပါဆရာတော်က ပြောပြထားခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတိရွာက ရွာသားတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေတဲ့ ဘုန်းဘုန်းကို ပြည်သူတွေက ကျန်းမာရေးဂရုစိုက်ဖို့ အားပေးစကားတွေ ပြောဆိုနေကြပါတယ်။
Source : Original Uploder