လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ ကစားသမားတွေနဲ့အတူ ချဲလ်ဆီးအသင်းမှာ ပထမဆုံးလေ့ကျင့်ခန်းဆင်းနေတဲ့ Saul ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/e6/e604cda4d3136fae4b0dccdd7f2b74ed2af999c4.jpg
အားကစားသတင်းများ

 ០៥-កញ្ញា-២០២១ ១២ល្ងាច · ៥ ឆ្នាំមុន

လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ ကစားသမားတွေနဲ့အတူ ချဲလ်ဆီးအသင်းမှာ ပထမဆုံးလေ့ကျင့်ခန်းဆင်းနေတဲ့ Saul ရဲ့ ဗီဒီယိုဖိုင်

ချန်ပီယံလိဒ်ဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ချဲလ်ဆီးအသင်းကတော့ လူစာရင်းတောင့်တင်းပေမယ့်လည်း လက်ရှိနွေရာသီစျေးကွက်မှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ လူကာကူကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ပြန်လည်ခေါ်ယူထားခဲ့သလို အက်သလက်တီကို ကွင်းလယ်လူဖြစ်တဲ့ Saul Niguez ကို ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ဝါရင့်ကွင်းလယ်ကစားသမားဖြစ်တဲ့ Saul ကို အပြောင်းအရွှေ့နောက်ဆုံးရက်မှ ချဲလ်ဆီးအသင်းတို့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ချဲလ်ဆီးအသင်းဟာ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်ကစားသမားကို အဌားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ အပြီးသတ်ခေါ်ယူခွင့် ရှိနေတာဖြစ်ပါတယ်။ ယခုမှာတော့ Saul တစ်ယောက် ချဲလ်ဆီးအသင်းနဲ့  ပထမဆုံးလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းမှာ မပါဝင်တဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ Saul ရဲ့ ဗီဒီယိုဖိုင်ကို ချဲလ်ဆီးအသင်းက ချပြခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ထဲမှာ Saul  ကို  လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ အလွန်ဆို၊ ကီပါတို့နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်ဆစ်တစ်ယောက် ကျောနံပတ်(8)ဝတ်ဆင်သွားပြီးနောက် လစ်လပ်နေတဲ့ ကျောနံပတ်ဖြစ်တဲ့ နံပတ်(17)ကို Saul တစ်ယောက် ဝတ်ဆင်ကာ ချဲလ်ဆီးအသင်းမှာ ပွဲထွက်ကစားမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ကန်တီ၊ ကိုဗာဆစ်စတဲ့ ကမ္ဘာ့အဆင့် ထိပ်သီးကစားသမားတွေရှိနေတာမို့ Saul အနေနဲ့ ပွဲထွက်ကစားခွင့်ရရှိဖို့ အစွမ်းကုန်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ကွင်းလယ်ကစားသမား Saul ရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက် ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T