သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်....။ အမှုဖွင့်အရေးယူခံထားရတာကြောင့် ညီနန္ဒဟာ ရှောင်ပုန်းနေရတာဖြစ်ပြီး ဖခင်ဖြစ်သူဆုံးပါးသွားခဲ့တာတောင် လာမတွေ့နိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
ညီနန္ဒဟာ အနုပညာလောကမှာလည်းအောင်မြင်မှုတွေရရှိထားတဲ့ ဝါရင့်အနုပညာရှင်ဖြစ်သလို ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ကိုနန္ဒထောပတ်ထမင်းကလည်း အတော်လေးအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။ သို့ပေမယ့် အမှန်တရားဘက်ကနေရပ်တည်ကာ ၅၀၅(က)နဲ့ ၀ရမ်းထုတ်ခံလိုက်ရတာကြောင့် ရှောင်ပုန်းနေရပြီး မိသားစုနဲ့လည်းခွဲခွာနေရသလို အရင်လိုထောပတ်ထမင်းလုပ်ငန်းကိုလည်း မလုပ်နိုင်တော့တာဖြစ်ပါတယ်။
မကြာသေးမီက ညီနန္ဒဟာသူ့ရဲ့ Facebookစာမျက်နှာမှာ ထောပတ်ထမင်းရောင်းခဲ့စဉ်က ပုံရိပ်လေးတွေကိုပြန်လည်မျှဝေရင်း အရင်က ပျော်စရာအချိန်လေးတွေကို ပြန်လည်သတိရမိကြောင်း ရေးသားလာခဲ့ပါတယ်။ ညီနန္ဒတစ်ယောက်လည်း အမြန်ဆုံးအိမ်ပြန်လာနိုင်ပြီး အရေးတော်ပုံကြီးလည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Nyi Nanda's Facebook acc